K-pop Idol တွေဟာ ဘဝမျိုးစုံက လာကြတဲ့သူတွေဖြစ်ပါတယ်။ အချို့က ဘဝကို ရုန်းကန်ခဲ့ရပြီး တက်လာခဲ့ ကြတာဖြစ်သလို အချို့ကတော့ မွေးလာကတည်းက ပြည့်စုံကြွယ်ဝချမ်းသာပြီးသားဖြစ်ပါတယ်။ အခုဖော်ပြပေး မယ့် အမျိုးသမီး Idol တွေကတော့ ရွှေလင်ဗန်းနဲ့ အချင်းဆေးခဲ့ကြတဲ့ သူတွေဖြစ်ပါတယ်။
1) Tzuyu (TWICE)
TWICE အဖွဲ့ဝင် Tzuyu ရဲ့ မိဘတွေဟာ ဟောင်ကောင်မှာ ကြီးမားတဲ့ Night Market လုပ်ငန်းပိုင်ရှင်တွေဖြစ် ပါတယ်။ နောက်တော့ ပါလပ်စတစ်ဆာဂျရီဆေးရုံလုပ်ငန်းတွေကို ပြုလုပ်ခဲ့သလို စားသောက်ဆိုင် ဆိုင်ခွဲတွေ ကို ဖွင့်လှစ်ထားပါတယ်။
2) Sorn (CLC)
ထိုင်းသူလေး Sorn ဟာ ပြည့်စုံတဲ့သူပါပဲ။ သူမရဲ့ ဖခင်ဖြစ်သူဟာ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်အတွက် အလုပ်လုပ် ပေးသူဖြစ်ပါတယ်။
3) Umji (GFRIEND)
Umji ရဲ့ မိဘတွေဟာ တောင်ကိုရီးယားနိုင်ငံမှာ ထိတ်ထိတ်ကြဲချမ်းသာကြွယ်ဝသူတွေဖြစ်ကြပါတယ်။ နိုင်ငံ အတွင်းမှာ သွားဆေးရုံ (40)ကျော်အထိ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။
4) Sooyoung (Girls’ Generation)
Sooyoung ကလည်း မျိုးနဲ့ရိုးနဲ့ ချမ်းသာသူလို့ သတ်မှတ်ရမှာပါ။ သူမရဲ့ အဖိုးဟာ ဗိသုကာဆောက်လုပ်ရေး ကုမ္ပဏီကို တည်ထောင်ထားတာဖြစ်ပါတယ်။
5) Mina (TWICE)
အမေရိကန်ပက်ပို့စ်ရော ဂျပန်ပက်ပို့စ်ပါရှိတဲ့ Mina ဟာလည်း Osaka University Hospital က နာမည်ကြီး ထိပ်တန်း ဆာဂျင်တစ်ဦး ဖြစ်ပါတယ်။
6) CL (Former member of 2NE1)
CL ရဲ့ အဖေနဲ့ အဖိုးတို့ဟာ ပရော်ဖက်ဆာတွေဖြစ်ကြပါတယ်။ ပြီးတော့ သူမရဲ့ အမေဘက်က အဖိုးကလည်း ကူးသန်းရောင်ဝယ်ရေးကုမ္ပဏီရဲ့ စီးအီးအိုဖြစ်ပါတယ်။
7) Sunny (Girls’ Generation)
Sunny ဟာ SM Entertainment တည်ထောင်သူ Lee Soo Man ရဲ့ တူမတော်သူပါ။ ဒီတော့ သူမရဲ့ မိသားစု ဟာလည်း ချမ်းသာတဲ့စာရင်းထဲမှာပါဝင်ပါတယ်။
8) Yura (Girl’s Day)
Girl’s Day အဖွဲ့ဝင် Yura ရဲ့ အဖေဖြစ်သူဟာ SK Innovation ကုမ္ပဏီမှာ ဘုတ်အဖွဲ့ဝင်မန်ဘာတစ်ဦးဖြစ်ပါ တယ်။
9) Mint (Former member of Tiny-G)
Mint ရဲ့အဖေဟာ များစွာသောဆဲလ်ဖုန်းစတိုးဆိုင်တွေ ပိုင်ဆိုင်ထားသူပါ။ Mint ရဲ့အမေဟာ သူ့သမီးအရွယ် ရောက်ကတည်းက ဈေးကြီးတဲ့ အိမ်ကို သူမနာမည်နဲ့ ဝယ်ပေးခဲ့ပြီးသားဖြစ်ပါတယ်။
10) Jeongyeon (TWICE)
Jeongyeon ရဲ့မိသားစုကလည်း ချမ်းသာတဲ့မိသားစုအသိုင်းအဝိုင်းထဲမှာ ပါဝင်ပါတယ်။ သူမရဲ့ ဖခင်ဟာ အလွန်နာမည်ကြီးတဲ့ စာဖိုးမှူးတစ်ဦးဖြစ်ပြီး အတိတ်က တောင်ကိုရီးယားသမ္မတအိမ်တော်မှာ အလုပ်လုပ် ဖူးတာဖြစ်ပါတယ်။
-m2t
Ref: Koreaboo