K pop

■ ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားခဲ့တဲ့ Kwon Mina ကို ဆေးရုံတင်ပို့ထားရ

— – – ဆေးရုံတင်ထားပေမဲ့ Kwon Mina ရဲ့ လက်ရှိအခြေအနေကတော့ …

ဇူလိုင်လ (၂၉)ရက် နံနက်ပိုင်းမှာ AOA အဖွဲ့ဝင်ဟောင်း Kwon Mina ဟာ ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားခဲ့တာကြောင့် ဆေးရုံတင်ပို့ခဲ့ရပြီး အသက်ရှင်နေသေးပေမဲ့ လက်ရှိအချိန်ထိ သတိပြန်မရသေးဘူးလို့ ကိုရီးယားမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

၂၀၂၀ မှာ AOA အဖွဲ့ဝင်ဟောင်း Jimin၊ အေဂျင်စီတို့နဲ့ ဖြစ်ပွားခဲ့တဲ့ ပြဿနာကို ဖော်ထုတ်ခဲ့ပြီး စိတ်ကျရောဂါ ခံစားနေရတယ်လို့ ဝန်ခံထားတဲ့ Kwon Mina ဟာ စိတ်ဖီးစီးမှုတွေကြောင့် အရင်ကလည်း ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားခဲ့ဖူးသူ ဖြစ်ပါတယ်။

Hankook Ilbo က အထူးဖော်ပြခဲ့တဲ့ သတင်းတွေအရ Kwon Mina ဟာ သူမရဲ့ နေအိမ်မှာ ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားခဲ့တာဖြစ်တယ်လို့ သိရပြီး သူမရဲ့ဆွေမျိုးတွေက တွေ့ရှိခဲ့တာကြောင့် ဆေးရုံသို့ တင်ပို့ခဲ့တာဖြစ်ပါတယ်။

Kwon Mina ရဲ့ ဆွေမျိုးဖြစ်သူဟာ Kwon Mina ကို ဆက်သွယ်ရာမှာ မရတာကြောင့် သူမရဲ့နေအိမ်ကို သွားရောက်ခဲ့တာ ဖြစ်ပြီး Kwon Mina ရဲ့အခြေအနေကို မြင်တွေ့ရပြီးနောက်မှာ အရေးပေါ်သို့ ဖုန်းဆက်ကာ အကူအညီ တောင်းခံခဲ့တာ ဖြစ်ပါတယ်။ ဆေးရုံမှာတော့ Kwon Mina ကို အရေးပေါ် ခွဲစိတ်မှု ပြုလုပ်ခဲ့ပြီး လက်ရှိမှာ အသက်အန္တရာယ် စိုးရိမ်စရာ မရှိတော့ပေမဲ့ သတိပြန်လည်လာခြင်း မရှိသေးဘူးလို့ ကိုရီးယားမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

Kwon Mina ဟာ လက်ရှိဖြစ်ရပ် မဖြစ်ပေါ်ခင် ရည်းစားထားရာမှာလည်း ပြဿနာတက်ခဲ့ပြီး လူမှုကွန်ရက်ကို အသုံးမပြုတော့ဘူးလို့ ကတိပေးခဲ့ပေမဲ့ ထပ်သုံးခဲ့တာကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ လက်ရေးစာနဲ့ ပရိသတ်တွေကို တောင်းပန်မှု ပြုလုပ်ခဲ့သေးတယ်လို့လည်း သိရပါတယ်။

Ref: Koreaboo

You cannot copy content of this page