K pop

■ ဒီလိုမျိုးနေရတာ Rose’ အတွက် မထူးဆန်းတော့ပါ

– – -Kim Go Eun အတွက်အသစ်လိုဖြစ်နေတဲ့ ဒီရာက Rose’ အတွက်နေသားကျနေပြီဖြစ်ပြီး…

BLACKPINK အဖွဲ့ဝင် Rose’ ဟာ JTBC ရဲ့ Show အသစ်ဖြစ်တဲ့ Sea of Hope မှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီအစီအစဉ်မှာ Rose’ ဟာ သူမရဲ့ Vocal စွမ်းရည်ကိုလည်း ထုတ်ဖော်ပြသခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီအစီအစဉ်ရဲ့ တစ်နေရာမှာ Rose’ ဟာ AKMU အဖွဲ့ဝင် Suhyun၊ မင်းသမီး Kim Go Eun တို့နဲ့အတူ အခန်းငယ်လေး တစ်ခန်းထဲမှာ အတူတူနေရပါတယ်။

အဲဒီမှာ သူတို့တွေဟာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် စကားပြောနေခဲ့ကြတာပါ။ Go Eun ဟာ အခုလို အခန်းငယ်လေးထဲမှာ စုနေရတာကို အခုမှခံစားရပုံပေါ်ပါတယ်။

အဲဒီမှာ Rose’ ကတော့ ဒါက သူမအတွက် အသစ်မဟုတ်တော့ကြောင်း၊ BLACKPINK နဲ့ ပွဲမထွက်ခင်တုန်းကလည်း မရေရာတဲ့ဘဝနဲ့ ၈ နှစ်လောက် ဒီလိုမျိုး ဖြတ်သန်းလာခဲ့ရကြောင်း ဖွင့်ဟခဲ့ပါတယ်။

“ကျွန်မ ကိုရီးယားကို စရောက်တုန်းကဆိုရင် Debut Team ထဲမှာတောင် မပါသေးပါဘူး။ အခန်းထဲမှာ ပိုးဟပ်တွေတောင် ရှိတယ်။ အဲဒီတုန်း ကျွန်မတို့အနေဲ့ ပွဲထွက်ဖို့တောင် မသေချာလို့ နေရာကောင်းကောင်းမွန်မွန်မှာ မနေခဲ့ရဘူး”လို့ Rose’ က ဝမ်းနည်းဖွယ်ရာ ဖွင့်ဟခဲ့ပါတယ်။

ဒါကြောင့် ဒီလိုမျိုးနေရတာ Rose’ အတွက် အထူးအဆန်း မဟုတ်တော့ဘူးလို့ ဆိုရမှာပါ။

You cannot copy content of this page