—- Jennie ဟာ အိုလံပစ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်နေတဲ့ တောင်ကိုရီးယားရေကူးသမားကို သူမရဲ့ Instagram အကောင့်မှာ အားပေးခဲ့…
BLINK တွေအနေနဲ့ ဇူလိုင်လ 29 ရက်နေ့က Jennie တင်တဲ့ Instagram Story ပုံကို တွေ့ပြီးပြီလို့ ထင်ပါတယ်။ ဟုတ်ပါတယ်။ Jennie ဟာ အိုလံပစ်ပြိုင်ပွဲမှာ တောင်ကိုရီးယားနိုင်ငံကို ကိုယ်စားပြုပြီး ယှဉ်ပြိုင်နေတဲ့ ရေကူးသမား Hwang Sun Woo ကို အားပေးခဲ့တာဖြစ်ပါတယ်။
Jennie ဟာ Instagram မှာ တောင်ကိုရီးယားရေကူးသမား Hwang Sun Woo ကို Tage လုပ်ပြီး “ မင်းကို အားပေးနေတယ်…Hwang Sun Woo…ဖိုက်တင်း” ဆိုပြီးတော့လည်း စာရေးသားခဲ့တာ ဖြစ်ပါတယ်။ Jennie အနေနဲ့ Hwang Sun Woo ရဲ့ ယှဉ်ပြိုင်မှုကို စောင့်ကြည့်နေပြီး အားပေးနေပုံ ပါပဲ။
Jennie ရဲ့ ဒီအားပေးမှုကို Fanboy လေးဖြစ်တဲ့ Hwang Sun Woo ကလည်း မြင်ပြီး Jennie ရဲ့ ပုံကို ရှယ်ကာ “ ငါ့လက်တွေ တုန်နေပါပြီ” လို့လည်း Jennie ရဲ့ အားပေးမှုကို ရလို့ ပျော်ရွှင်ကာ ကြွားခဲ့တာ ဖြစ်ပါတယ်။
-m2t
Ref: Allkpop