— BTS ရဲ့ အရောင်ကြောင့် နာမည်ကြီး စားသောက်ကုန်ကုမ္ပဏီ McDonald ဟာ ပါးပြောင်ခဲ့ပြီး…
နာမည်ကြီး စားသောက်ကုန်ကုမ္ပဏီဖြစ်တဲ့ McDonald ဟာ 2021 ခုနှစ်အတွင်း ကမ္ဘာကျော် BTS အဖွဲ့ကြောင့် မျှော်လင့်ထားတာထက် ရောင်းအားတွေ သာလွန်မြင့်တက်ခဲ့တယ်လို့ ကြေညာခဲ့ပါ တယ်။
ဇူလိုင် 28 ရက်နေ့က ထုတ်ပြန်တဲ့ Ruters သတင်းစာရဲ့ ထုတ်ပြန်ချက်အရ McDonald ဟာ 2021 ခုနှစ်အတွင်း တစ်ကမ္ဘာလုံးပျံ့နှံ့နေတဲ့ COVID 19 တွေကြောင့် သူတို့ရဲ့ စားသောက်ကုန်ရောင်းအား တွေ လျှော့ကျမယ်လို့ ခန့်မှန်းခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ BTS ကြောင့် သူတို့ရဲ့ စားသောက်ကုန် ရောင်းအားဟာ အံ့အားသင့်ဖွယ် နှစ်ဝက်အတွင်း 2019 ခုနှစ် နှစ်ဝက်က ရောင်းအားထက် 40.5 ရာခိုင်နှုန်း တိုးမြင့်ခဲ့တယ်လို့ သိရပါတယ်။
ဒါဟာ McDonald က ထုတ်လုပ်တဲ့ BTS Meal ကြောင့်ဖြစ်ပါတယ်။ BTS Meal ဟာ U.S အပါအဝင် နိုင်ငံ 50 မှာ စိတ်ဝင်စားမှုကို ရရှိခဲ့ပြီး စားသုံးသူတွေရဲ့ နှစ်သက်အားပေးမှုကို ရရှိခဲ့တာဖြစ်ပါတယ်။
McDonald က “ BTS Menu ကြောင့် ကျွန်တော်တို့ စားသောက်ဆိုင်တွေကို လာလည်ပတ်တဲ့သူတွေ များခဲ့ပါတယ်။ အထူးသဖြင့် Chicken McNuggets ဖြစ်တဲ့ BTS Meal ရဲ့ ရောင်းအားဟာ ကျွန်တော် တို့ ကုမ္ပဏီအတွက် ရောင်းအားတက်လာစေတဲ့ အဓိက အချက်လည်းဖြစ်ပါတယ်” လို့ ထုတ်ပြန်ခဲ့ပါ တယ်။
-m2t
Ref: Allkpop