K pop

■ “Life Goes On” နဲ့ Billboard’s Hot 100 မှာ သမိုင်းရေးထိုးခဲ့တဲ့ BTS

— – – Billboard’s Hot 100 chart မှာ နံပါတ် (၁) ရခဲ့တဲ့ “Life Goes On” နဲ့အတူ BTS အဖွဲ့ဟာ …

ဒီဇင်ဘာ (၅)ရက်မှာ အဆုံးသတ်မဲ့ ဒီတစ်ပတ် Billboard’s Hot 100 chart ကို Billboard က ထုတ်ပြန်ခဲ့ပြီး BTS အဖွဲ့ရဲ့ “Life Goes On” သီချင်းဟာ နံပါတ် (၁) အဖြစ် ပွဲထွက်နိုင်ခဲ့ပါတယ်။

“Life Goes On” သီချင်းဟာ Billboard’s Hot 100 chart မှာ နံပါတ် (၁) ရတဲ့ BTS အဖွဲ့ရဲ့ တတိယမြောက် သီချင်းဖြစ်ပြီး တခြားသီချင်း(၂) ပုဒ်ကတော့ “Dynamite” နဲ့ “Savage Love (Laxed – Siren Beat)” remix collaboration with Jawsh 685 & Jason Derulo တို့ ဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီသီချင်း (၃) ပုဒ်စလုံးမှာ ဒီနှစ်အတွင်းမှာပဲ Billboard’s Hot 100 chart မှာ နံပါတ် (၁) ဖြစ်ခဲ့တာဖြစ်ပြီး ပိုပြီးဂုဏ်ယူစရာကောင်းတာက Billboard’s Hot 100 chart ရဲ့ (၆၂)နှစ်တာ သမိုင်းမှာ နံပါတ် (၁) ရတဲ့ ပထမဆုံးကိုရီးယားသီချင်း ဖြစ်ခဲ့တာပါ။

ဒီတစ်ပတ် Billboard’s Hot 100 chart မှာ BTS အဖွဲ့ရဲ့ နောက်ဆုံးထုတ်သီချင်း “Life Goes On” က နံပါတ်(၁) ဖြစ်ခဲ့သလို၊ “Dynamite” သီချင်းဟာလည်း နံပါတ် (၃) နေရာအထိ ပြန်လည်မြင့်တက်လာခဲ့တာပါ။

— ဃဲ
Ref: Soompi & Photos Credit.

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page