— အနောက်တိုင်းဝတ်စုံနဲ့ လိုက်ဖက်ပြီး ကြည့်လို့အကောင်းဆုံးလို့ဆိုတဲ့ K Male Cele တွေမှာ ဘယ်သူတွေလို့ ထင်ပါသလဲ….
နာမည်ကြီး ဂျပန်အမျိုးသမီးဖက်ရှင်မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ ’25ans’ ဟာ အနောက်တိုင်းဝတ်စုံနဲ့ လိုက်ဖက်ပြီး ကြည့်လို့အကောင်းဆုံးလို့ဆိုတဲ့ K Male Cele 10 ဦးစာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ စာရင်းမှာ နာမည်ကျော် သရုပ်ဆောင်တွေနဲ့အတူ K-pop Idol (3)ဦးလည်းပါဝင်ခဲ့တာကို တွေ့ရပါတယ်။ သူတို့တွေကတော့ BTS အဖွဲ့ဝင် V ၊ Cha Eun Woo နဲ့ Ok Taecyeon တို့ဖြစ်ပါ တယ်။ ’25ans’ ဟာ V အနေနဲ့ အနောက်တိုင်းဝတ်စုံမျိုးစုံနဲ့ လိုက်ဖက်မှုရှိပြီး ဆွဲဆောင်မှုရှိသလို အထူးသဖြင့် 2018 ခုနှစ် MAMA Japan မှာဝတ်ဆင်ခဲ့တဲ့ ဒီဇိုင်းအသစ် ရောင်းစုံပန်းပွင့် Shirt နဲ့အတူ ဝတ်ဆင်ခဲ့တဲ့ အနောက် တိုင်းဝတ်စုံမှာတောင် အလွန်ဆွဲဆောင်မှုရှိခဲ့တယ်လို့ မီးမောင်းထိုးပြခဲ့ပါ တယ်။
’25ans’ က ဖော်ပြတဲ့ အနောက်တိုင်းဝတ်စုံနဲ့ လိုက်ဖက်ပြီး ကြည့်လို့အကောင်းဆုံးလို့ဆိုတဲ့ K Male Cele တွေမှာ ဘယ်သူတွေလဲဆိုတာ ကြည့်လိုက်ကြရအောင်ပါ…
BTS V
Hyun Bin
Song Joong-ki
Gong Yoo
Lee Jong-suk
Park Seo-joon
Park Bo-gum
Ok Taecyeon
Cha Eun-woo
Kwak Dong-yeon
-m2t
Ref: Allkpop