K pop

■ G-Dragon နဲ့ Collaborate လုပ်လိုကြောင်း Jay Park ဝန်ခံ

— – – – G-Dragon နဲ့ Collaborate လုပ်ချင်ပေမဲ့ Jay Park စိတ်ထဲမှာတော့ …

နာမည်ကျော် ကိုရီးယား Solo အဆိုတော် Jay Park ဟာ သိပ်မကြာခင်မှာ Twitter မှာ ပရိသတ်တွေ မေးမြန်းတဲ့ မေးခွန်းမျိုးစုံကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

အဲဒီမှာ ပရိသတ်တစ်ယောက်က BIGBANG အဖွဲ့ခေါင်းဆောင် G-Dragon နဲ့ Collaborate လုပ်ခွင့်ရမယ်ဆိုရင် လက်ခံမလားလို့ Jay Park ကို မေးမြန်းခဲ့ပါတယ်။

Jay Park က အဲဒီမေးခွန်းကို “လုပ်မှာပေါ့။ ဘယ်နှယ့် ပြောလိုက်တာလဲ။ ဒါပေမဲ့ ကံမကောင်းစွာပဲ အဲဒါက ဖြစ်လာဖို့တော့ ကျွန်တော် သံသယရှိပါတယ်”ဆိုပြီး ပြန်ဖြေခဲ့တာပါ။

G-Dragon နဲ့ Jay Park တို့ K-Pop ဒုတိယမျိုးဆက်မှာ ခေတ်ပြိုင်တွေ ဖြစ်သလို၊ Jay Park ဟာ အဆိုတော်ဘ၀ အစပိုင်းမှာ JYP Entertainment က စင်တင်တဲ့ 2PM နဲ့ ပွဲထွက်ခဲ့သူဖြစ်ပြီး G-Dragon ကတော့ YG Entertainment က ပွဲထုတ်တဲ့ BIGBANG အဖွဲ့နဲ့ ပွဲထွက်ခဲ့တာပါ။

2PM နဲ့ BIGBANG တို့ဟာ K-Pop ဒုတိယမျိုးဆက်မှာ ခေတ်ပြိုင်တွေဖြစ်ပေမဲ့ Jay Park ကတော့ BIGBANG နဲ့ G-Dragon တို့ဆီ များစွာသင်ယူခဲ့ရကြောင်းနဲ့ BIGBANG ဟာ K-Pop သမိုင်းတစ်လျှောက် ကြီးကျယ်ခမ်းနားဆုံး အဖွဲ့ဖြစ်တယ်လို့လည်း ပြောကြားခဲ့ဖူးပါတယ်။

Ref: AKP

You cannot copy content of this page