— – – G-Dragon က နတ်ဘုရားပါ။ ဂီတအတွက် သူ လုပ်ခဲ့တာတွေနဲ့စာရင် သူက …
ကနေဒါအမျိုးသမီးအဆိုတော် Grimes ဟာ G-Dragon ကို အရမ်းကြွေတဲ့ အမာခံပရိသတ်တစ်ဦးဖြစ်ပြီး BIGBANG ရဲ့ ဂီတဖန်တီးမှုတွေကို အရမ်းနှစ်သက်တဲ့သူတစ်ယောက် ဖြစ်ပါတယ်။
Grimes ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ပရိသတ်တွေနဲ့ အပြန်အလှန်စကားတွေ ပြောခဲ့ပြီး G-Dragon ရဲ့ 2012 ထုတ် Solo Album ဖြစ်တဲ့ “One of a Kind” ကိုလည်း အမြတ်တနိုးပြသခဲ့တာပါ။
ပရိသတ်တစ်ယောက်က သူမ G-Dragon ကို ကြိုက်တယ်လို့ မှတ်ချက်ပေးခဲ့တာကို Grimes က “တိတိကျကျ ပြောရမယ်ဆိုရင် G-Dragon က Icon ပါ။ ပြီးတော့ ကျွန်မဘဝကို အကြီးမားဆုံး လွှမ်းမိုးနိုင်တဲ့ နတ်ဘုရားလည်း ဖြစ်ပါတယ်”လို့ ပြန်ပြောခဲ့တာပါ။
ဒါ့ပြင် Grimes က “အနုပညာနဲ့ပတ်သက်လို့ G-Dragon လုပ်ပေးခဲ့တာတွေနဲ့စာရင်း Underrated(လုပ်ဆောင်ခဲ့တာတွေ အရမ်းများပေမဲ့ ထိုက်တန်တဲ့ အသိအမှတ်ပြုခံရခြင်းမရှိမှုကို ဆိုလိုသည်) T.O.P လည်း အဲဒီလိုပါပဲ”လို့ ဆိုခဲ့ပါတယ်။
ပရိသတ်တစ်ယောက်က Grimes ကို G-Dragon နဲ့ ဖြစ်နိုင်သမျှ မြန်မြန် Collaborate လုပ်စေလိုကြောင်း မှတ်ချက်ပေးခဲ့ရာမှာတော့ G-Dragon နဲ့ Jennie ဒိတ်တင်းသတင်းထွက်ခဲ့တာကို နောက်ပြောင်တဲ့အနေနဲ့ “GD က ကျွန်မရဲ့ Inspiration ပါ။ သူနဲ့ Collaborate လုပ်ဖို့ဆိုရင်တော့ Jennie ကတစ်ဆင့် ပြောခိုင်းရမယ်”လို့ ဆိုခဲ့တာပါ။
Grimes ဟာ K-Pop ရဲ့ ထာဝရ King of K-Pop လို့ တင်စားကြတဲ့ G-Dragon ကို ပွဲထွက်ကတည်းက အားပေးခဲ့သလို၊ လက်ရှိအချိန်ထိလည်း မပြောင်းမလဲဘဲ G-Dragon ရဲ့ အမာခံပရိသတ်အဖြစ် ဆက်ရှိနေသေးတာ ဖြစ်ပါတယ်။
Ref: AKP