– – – Park Bom အနေနဲ့ အလုပ်တွဲလုပ်ချင်တဲ့ အမျိုးသား K-pop အဖွဲ့ရှိပြီး…
2NE1 အဖွဲ့ဝင် Park Bom ဟာ KBS Cool FM ရဲ့ Jung Eunji’s Gayo Plaza မှာ ပါဝင်ခဲ့ရာမှာတော့ 2NE1 အဖွဲ့ရဲ့ လွမ်းဆွတ်ဖွယ်အကြောင်းအရာတွေ အပါအဝင် ပရိသတ်တွေသိလိုသမျှကို မေးမြန်းသွားခဲ့ပါတယ်။
ပရိသတ်တွေက သိလိုသမျှတွေကို မေးမြန်းခဲ့ပြီး ပရိသတ်တစ်ယောက်ရဲ့ မေးခွန်းကတော့ စိတ်ဝင်စားစရာကောင်းခဲ့တာပါ။ ဒီရက်ပိုင်း စိတ်ဝင်နေစားနေတဲ့ အမျိုးသားအဖွဲ့ ကို အဲဒီပရိသတ်က မေးမြန်းခဲ့တာပါ။
အဲဒီမှာ Park Bom က “အမျိုးသားအဖွဲ့လား။ အမှန်တကယ်တော့ ဒီရက်ပိုင်းအတွင်း အမျိုးသားအဖွဲ့အကြောင်းတွေကို များများစားစား သိပ်မသိပါဘူး။ သူတို့က အရမ်းများလွန်းပါတယ်။ အဖွဲ့တွေ အရမ်းများလွန်းတာကို ဆိုလိုတာပါ”လို့ ဆိုခဲ့ပါတယ်။
collaboration လုပ်ချင်တဲ့ အဖွဲ့ကို မေးမြန်းခဲ့ရာမှာတော့ “BTS”လု့ိ Park Bom က မဆိုင်းမတွနဲ့ ပြန်ဖြေခဲ့ပါတယ်။
-Chi Ko
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *