K pop

■ RM ရဲ့ တော်ကီကြောင့် ARMY တွေရဲ့နှလုံးသား ကျရှုံးခဲ့ရပြန်

– – – BTS အဖွဲ့ခေါင်းဆောင် RM ရဲ့ ဒီ တော်ကီကိုကြားလိုက်ရင်…

သင်သာ ARMY တစ်ယောက်ဖြစ်ပြီး V Day မှာ ချစ်သူမရှိလို့၊ အချိန်တွေကို အတူတကွဖြတ်သန်းရမယ့်သူမရှိလို့ စိတ်သောက ရောက်နေစရာ မလိုပါဘူး။ သင့်ကို BTS အဖွဲ့ခေါင်းဆောင် RM က အဖော်ပြုပေးမှာပါ။

Weverse မှာ ARMY တွေကြား နာမည်ကြီးနေတဲ့ BTS အဖွဲ့ခေါင်းဆောင်ရဲ့ တော်ကီတစ်ပေါက် လျှမ်းလျှမ်းခဲ့တာပါ။ ဒီ တော်ကီကြောင့် ARMY တွေရဲ့နှလုံးသားဟာ ကျရှုံးခဲ့ပြန်ပါတယ်။

ARMY တစ်ယောက်က “မင်းဟာ ငါ့နှလုံးသားကို ခိုးမယ့်သူလား”လို့ ရေးသားခဲ့တာပါ။ အဲဒီနောက် RM ဟာ ARMY တွေရဲ့နှလုံးသားကို ဖမ်းစားဖို့ ဆုံးဖြတ်လိုက်တာပါ။

“ဒီနေ့ညမှာ မင်းရဲ့နှလုံးသားကို ခိုးယူဖို့ ငါလာပြီ”လို့ RM က ရေးသားခဲ့တာပါ။ RM ရဲ့ အဲဒီစကားဟာ ARMY တွေကြားမှာ ရေပန်းစားသွားခဲ့ပါတယ်။

“အိုကေ…စောင့်နေပါမယ်” “RM ကအရမ်းချစ်ဖို့ ကောင်းတာပဲ”စသဖြင့် မှတ်ချက်တွေ ရေးသားသွားခဲ့ပါတယ်။

-Chi Ko

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page