– – – ပရိသတ်တစ်ယောက် စာရွက်တစ်ခုကိုကိုင်ပြီး IU ရဲ့ရှေ့ရောက်လာခဲ့ပါတယ်။
Fan Meeting မှာ ပရိသတ်တစ်ဦးပြတဲ့စာကို မြင်ပြီးနောက်မှာ IU ဟာ ပါးစပ်အဟောင်းသားဖြစ်သွားခဲ့ရတာပါ။ တလောက IU ရဲ့ပတ်သက်တဲ့ ဗီဒီယိုတစ်ခု You Tube မှာ ရေပန်းစားနေပြီး လူကြိုက်များနေခဲ့တာပါ။ IU ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက ပရိသတ်တွေနဲ့ တွေ့ဆုံကာ ‘Love Poem ဆိုတဲ့ လက်မှတ်ရေးထိုးပွဲတစ်ခုကို ပြုလုပ်ခဲ့တာပါ။
အဲဒီမှာ ပရိသတ်တစ်ယောက် စာရွက်တစ်ခုကိုကိုင်ပြီး IU ရဲ့ရှေ့ရောက်လာခဲ့ပါတယ်။ အဲဒီပရိသတ်က တရုတ်ကဖြစ်ပြီး လက်ထဲမှာ ကိုင်ထားတဲ့စာရွက်ကို IU ကို ပြခဲ့ရာမှာတော့ IU ဟာ မျက်လုံးဝိုင်းကာ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရပါတယ်။
အဲဒီစာရွက်ထဲမှာ တရုတ် Fan Cafe တစ်ခုက IU ရဲ့ အခွေချပ်ရေ (၅၁၉၁၈) ကို ဝယ်ယူခဲ့တယ်ဆိုတဲ့အကြောင်း ပါရှိတာပါ။ ဒါဟာ IU အတွက် အဲဒီပရိသတ်ပေးတဲ့ လှပတဲ့လက်ဆောင်လို့ပြောရင်လည်း မမှားပါဘူး။
-Chi Ko
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *