– – – တရုတ်ရဲတွေက စုံစမ်းစစ်ဆေးမှုတွေကို Update လုပ်ခဲ့ရာမှာတော့ …
ဇူလိုင် (၈)ရက်က စပြီး Du Meizhu ဆိုတဲ့ ကောင်မလေးက Kris Wu ရဲ့ အိမ်က ပါတီကို တက်ရောက်ခဲ့ပြီး လိမ်လည်ခံရကြောင့် Weibo မှာ ပို့စ်တွေ ဆက်တိုက် တင်ခဲ့တာပါ။
Kris Wu ရဲ့ မန်နေဂျာကတော့ Music Video ရိုက်ဖို့အတွက် ကောင်မလေးတွေကို ခေါ်ယူခဲ့တာလို့ ရှင်းခဲ့ပြီး အဲဒီပါတီပွဲအပြီးမှာ Du Meizhu က သူမဟာ Kris Wu နဲ့ အလိုမတူဘဲ အိပ်ခဲ့ကြောင်း ဆိုခဲ့ပါတယ်။ ဆက်ပြီးတော့ သူမက Kris Wu ဟာ ကောင်မလေးများစွာကို ဆက်သွယ်ပြီး သူမလိုပဲ ပြုမူခဲ့တယ်လို့ ပို့စ်တွေ တင်ခဲ့တာပါ။
အဲဒီသတင်းတွေ ပျံ့နှံ့လာပြီးနောက်မှာ Kris Wu က စွပ်စွဲချက်တွေကို ငြင်းဆန်ခဲ့ပြီး တကယ်လို့ သူ့အနေနဲ့ အဲဒီလိုသာ ကျူးလွန်ခဲ့မယ်ဆိုရင် ကိုယ်တိုင် ထောင်ဒဏ်ကျခံသွားဖြစ်ပြီး တရားဥပဒေအရ ရင်ဆိုင်သွားမယ်လို့ ဆိုခဲ့ပါတယ်။
တရုတ်ရဲတွေက Kris Wu အပေါ် စွပ်စွဲချက်တွေကို စုံးစမ်းခဲ့ပြီး ဇူလိုင် (၂၂)ရက်မှာ ကနဦး ထုတ်ပြန်ချက် (၃)ခု ထုတ်ပြန်ခဲ့ပြီး အခုအချိန်မှာတော့ အဲဒီအမှုနဲ့ပတ်သက်လို့ Kris Wu ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ထုတ်ပြန်ခဲ့တာပါ။
“အွန်လိုင်းမှာ ရေပန်းစားနေတဲ့ Kris Wu က အမျိုးသမီးပေါင်းများစွာကို အကြိမ်များစွာ လိမ်လည်ပြီး ကာမရယူခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေကို ရဲတပ်ဖွဲ့တွေ စုံးစမ်းစစ်ဆေးခဲ့ပါတယ်။ အခုအချိန်မှာတော့ အသက် (၃၀)အရွယ် အမျိုးသား Kris Wu ကို ကာမလိမ်လည်မှု သံသယနဲ့ Chaoyang ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။ အမှုနဲ့ ပတ်သက်ပြီး စုံးစမ်းစစ်ဆေးမှုတွေတော့ ပြုလုပ်နေဆဲပါ”လို့ တရုတ်ရဲတွေက ထုတ်ပြန်ခဲ့တာပါ။
Kris Wu အပေါ် စွပ်စွဲချက်တွေ ထွက်ပေါ်လာပြီးနောက် နာမည်ကျော် Brand တွေဟာ စာချုပ်ဖျက်သိမ်းခဲ့ပြီး လက်ရှိ တရုတ်မှာ Kris Wu ကို အနုပညာလှုပ်ရှားမှုတွေ ပိတ်ပင်ထားတယ်လို့ သိရပါတယ်။
Source: Chaoyang Police Weibo
-Zawgyi
■ ကာမလိမ္လည္မႈ သံသယျဖင့္ Kris Wu ဖမ္းဆီးထိန္းသိမ္းခံရ
– – – တ႐ုတ္ရဲေတြက စုံစမ္းစစ္ေဆးမႈေတြကုိ Update လုပ္ခဲ့ရာမွာေတာ့ …
ဇူလုိင္ (၈)ရက္က စၿပီး Du Meizhu ဆုိတဲ့ ေကာင္မေလးက Kris Wu ရဲ႕ အိမ္က ပါတီကုိ တက္ေရာက္ခဲ့ၿပီး လိမ္လည္ခံရေၾကာင့္ Weibo မွာ ပုိ႔စ္ေတြ ဆက္တုိက္ တင္ခဲ့တာပါ။
Kris Wu ရဲ႕ မန္ေနဂ်ာကေတာ့ Music Video ႐ုိက္ဖုိ႔အတြက္ ေကာင္မေလးေတြကုိ ေခၚယူခဲ့တာလုိ႔ ရွင္းခဲ့ၿပီး အဲဒီပါတီပဲြအၿပီးမွာ Du Meizhu က သူမဟာ Kris Wu နဲ႔ အလုိမတူဘဲ အိပ္ခဲ့ေၾကာင္း ဆုိခဲ့ပါတယ္။ ဆက္ၿပီးေတာ့ သူမက Kris Wu ဟာ ေကာင္မေလးမ်ားစြာကုိ ဆက္သြယ္ၿပီး သူမလုိပဲ ျပဳမူခဲ့တယ္လုိ႔ ပုိ႔စ္ေတြ တင္ခဲ့တာပါ။
အဲဒီသတင္းေတြ ပ်ံ႕ႏွ႔ံလာၿပီးေနာက္မွာ Kris Wu က စြပ္စဲြခ်က္ေတြကုိ ျငင္းဆန္ခဲ့ၿပီး တကယ္လုိ႔ သူ႕အေနနဲ႔ အဲဒီလုိသာ က်ဴးလြန္ခဲ့မယ္ဆုိရင္ ကုိယ္တုိင္ ေထာင္ဒဏ္က်ခံသြားျဖစ္ၿပီး တရားဥပေဒအရ ရင္ဆုိင္သြားမယ္လုိ႔ ဆုိခဲ့ပါတယ္။
တ႐ုတ္ရဲေတြက Kris Wu အေပၚ စြပ္စဲြခ်က္ေတြကုိ စုံးစမ္းခဲ့ၿပီး ဇူလုိင္ (၂၂)ရက္မွာ ကနဦး ထုတ္ျပန္ခ်က္ (၃)ခု ထုတ္ျပန္ခဲ့ၿပီး အခုအခ်ိန္မွာေတာ့ အဲဒီအမႈနဲ႔ပတ္သက္လုိ႔ Kris Wu ကုိ ဖမ္းဆီးထိန္းသိမ္းထားေၾကာင္း ထုတ္ျပန္ခဲ့တာပါ။
“အြန္လုိင္းမွာ ေရပန္းစားေနတဲ့ Kris Wu က အမ်ဳိးသမီးေပါင္းမ်ားစြာကုိ အႀကိမ္မ်ားစြာ လိမ္လည္ၿပီး ကာမရယူခဲ့တယ္ ဆုိတဲ့ စြပ္စဲြခ်က္ေတြကုိ ရဲတပ္ဖဲြ႕ေတြ စုံးစမ္းစစ္ေဆးခဲ့ပါတယ္။ အခုအခ်ိန္မွာေတာ့ အသက္ (၃၀)အရြယ္ အမ်ဳိးသား Kris Wu ကို ကာမလိမ္လည္မႈ သံသယနဲ႔ Chaoyang ရဲစခန္းမွာ ထိန္းသိမ္းထားပါတယ္။ အမႈနဲ႔ ပတ္သက္ၿပီး စုံးစမ္းစစ္ေဆးမႈေတြေတာ့ ျပဳလုပ္ေနဆဲပါ”လုိ႔ တ႐ုတ္ရဲေတြက ထုတ္ျပန္ခဲ့တာပါ။
Kris Wu အေပၚ စြပ္စဲြခ်က္ေတြ ထြက္ေပၚလာၿပီးေနာက္ နာမည္ေက်ာ္ Brand ေတြဟာ စာခ်ဳပ္ဖ်က္သိမ္းခဲ့ၿပီး လက္ရွိ တ႐ုတ္မွာ Kris Wu ကုိ အႏုပညာလႈပ္ရွားမႈေတြ ပိတ္ပင္ထားတယ္လုိ႔ သိရပါတယ္။
Source: Chaoyang Police Weibo