K pop

■ Live Broadcast မှာ အမှားလုပ်မိလို့ ငိုခဲ့တဲ့ Idol ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ရရှိ

— – – သူဟာ တကယ်ကို ဝမ်းပန်းတနည်း ငိုကြွေးခဲ့တာပါ။ ဘာကြောင့်များ …

VERIVERY အဖွဲ့ဟာ သိပ်မကြာခင်က ပရိသတ်တွေအတွက် သူတို့ကိုယ်တိုင် ချက်ပြုတ်ပြီး စားသောက်ပြတဲ့ Eating Show တစ်ခုကို Live Broadcast လုပ်ခဲ့ပါတယ်။ အဲဒီမှာ ငိုကြွေးခဲ့တဲ့ အဖွဲ့ဝင်တစ်ဦးဟာ ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ရရှိခဲ့တာပါ။

VERIVERY အဖွဲ့ရဲ့ Live Broadcast မှာ အသက်အငယ်ဆုံးအဖွဲ့ဝင်တွေဖြစ်တဲ့ Yeonho (2000), Yongseung (2000) နဲ့ Kangmin (2003) တို့ ပါဝင်ခဲ့တာပါ။

အစားအသောက်တွေကို စားပွဲပေါ် တည်ခင်းတဲ့အခါ Kangmin ဟာ ဝိုင်ထည့်တဲ့ ဖန်ခွက်ကို မတော်တဆ ကျကွဲခဲ့တာ ဖြစ်ပါတယ်။ ဒါကို အဆင်ပြေပြေ ဖြေရှင်းနိုင်ပေမဲ့ Kangmin ဟာ ဝမ်းပန်းတနည်း ငိုကြွေးခဲ့တာပါ။

Kangmin က “(သူ ငိုတာနဲ့ ပတ်သက်လို့) ဒါ အတော်လေး အဆင်မပြေဘူး မဟုတ်လား”လို့ ပြောခဲ့ပြီး Yeonho နဲ့ Yongseung တို့က “ဖန်ခွက် ကျကွဲတာကို မကြိုက်တာလား။ ဒါမှမဟုတ် ဝန်ထမ်းတွေ အလုပ်ရှုပ်သွားတာကြောင့်လား”ဆိုပြီး မေးမြန်းခဲ့ပါတယ်။

အဲဒီမေးခွန်းကို Kangmin က “နှစ်ခုစလုံးကြောင့်ပါပဲ”လို့ ပြောပြီး ဆက်ငိုခဲ့ပါတယ်။ Kangmin ငိုတာ မြင်ပြီး ပရိသတ်တွေက အသနားပိုခဲ့ကြပြီး

ဆယ်ကျော်သက်တစ်ဦးဖြစ်ပေမဲ့ Kangmin ဟာ အပြစ်လုပ်မိတဲ့ ကလေးတစ်ယောက်လို ခံစားခဲ့ရကြောင်းနဲ့ ကလေးတစ်ယောက်လို ဖြူစင်ဟာ ချစ်စရာကောင်းတယ်လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။

— ဃဲ
Source: Dispatch & Photos Credit.

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page