— RM ဟာ အင်္ဂလိပ်စာ ဘယ်လောက်ထိ Smooth လည်း ပရိသတ်အားလုံးသိပါတယ်။
ဒါပေမဲ့ RM က သူ့ရဲ့အင်္ဂလိပ်စာဟာ အလွန်ဆိုးရွားပါတယ်လို့ Backstage ဗီဒီယိုတစ်ခုမှာ ၀န်ထမ်း တစ်ဦးကို ပြောပြခဲ့ပါတယ်။
RM က ၀န်ထမ်းတစ်ဦးကို “ လူတွေက ကျွန်တော်ဟာ ပြောချင်တဲ့စကားကို အင်္ဂလိပ်လို ပြန်ပြောနိုင် တယ်လို့ ထင်နေကြပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အင်္ဂလိပ်စာဟာ အလွန်ဆိုးရွားပါတယ်။
ကျွန်တော် အင်္ဂလိပ်လို တစ်လလောက် စကားမပြောရင် စကားလုံးတွေ တော်တော်လေးမေ့ကုန် တယ်။ Halsey နဲ့ နောက်နေ့တွေမှာ စကားတောင်သိပ်မပြောနိုင်ဘဲ ရုန်းကန်ခဲ့ရပါတယ်။
ကျွန်တော် မှန်ကန်တဲ့စကားလုံးတွေ မသုံးနိုင်တော့ဘဲ ကျွန်တော့်ပြောဆိုမှုတွေကို သူတို့အလျင် အမြန်နားမလည်နိုင်တော့ပါဘူး။ ဒါကြောင့် အင်္ဂလိပ်စာကို အချိန်ပြည့်မသုံးနေရင် မေ့လွယ်တယ်လို့ ငါခံစားရပြီး ဒါကြောင့်ပဲ အင်္ဂလိပ်စာကို အစဉ်မပြတ်လေ့လာနေတာပါ” လို့ ပြောခဲ့ပါတယ်။
-m2t
Ref: SBSstar