K pop

■ တခြားသူတွေအတွက် သီချင်းရေးပေးတာ အကျိုးမရှိလည်း ဆက်ရေးပေးနေဦးမယ်ဆိုတဲ့ Suga

– – -Suga ကတော့ တခြားသူတွေနဲ့ သီချင်း ရေးပေးတာနဲ့ ပတ်သက်ပြီး…

BTS အဖွဲ့ဝင် Suga ဟာ အရည်အချင်းတွေ ပေါများသူတစ်ယောက်ပါ။

သူဟာ အဆို၊ အက ကောင်းရုံတင်မဟုတ်ဘဲ သီချင်းရေးသားပေးမှုမှာလည်း ထူးချွန်သူတစ်ယောက် ဖြစ်ပါတယ်။ Weverse Magazine နဲ့ အင်တာဗျူးမှာတော့ Suga က “ကျွန်တော်က BTS အဖွဲ့ဝင် Suga ပါ။ m Agust D ပါ”လို့ စစချင်း မိတ်ဆက်ခဲ့ပါတယ်။

အဲဒီနောက် Suga က တခြားသူတွေအတွက် သီချင်းရေးသားရခြင်းနဲ့ ပတ်သက်ပြီး ဖွင့်ဟချက်တွေ ပြုလုပ်ခဲ့ပါတယ်။ တခြားသူအတွက် သီချင်းရေးရတဲ့အခါ အနုပညာရှင်ရဲ့ လိုအပ်ချင်တာက အလွန်အရေးကြီးကြောင်း Suga က ဆိုပါတယ်။

ဆက်လက်ပြီး တခြားသူတွေအတွက် သီချင်းရေးပေးရတာက သူ့အတွက် အကျိုးသိပ်မရှိကြောင်း၊ သူ့အနေနဲ့ ငွေကြေး၊ ခံစားခွင့်တွေကြောင့်လည်း တခြားသူအတွက် သီချင်းရေးပေးနေတာ မဟုတ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

“အမှန်တော့ ဒီအလုပ်က ကျွန်တော့်အတွက် အကျိုးသိပ်မဖြစ်စေပါဘူး။ ‘သူက ဒီလိုသီချင်းမျိုးလည်း ရေးနိုင်ပါလား’လို့ လူတွေ မြင်ချင်တဲ့အတွက် ရေးတာပါ။ ဒီထက်ပိုပြီး တန်ဖိုးရှိတာက ကျွန်တော်က အနုပညာရှင် ဒါမှမဟုတ် ကုမ္ပဏီရဲ့ အသိအမှတ်ပြုမှုကို ရတာပါ”လို့ Suga က ဖွင့်ဟခဲ့ပါတယ်။

You cannot copy content of this page