– – – – Junseo ဟာ BTS ကို ကြည့်ကာ သင်ယူမှုတွေ ပြုလုပ်ခဲ့ရပြီး…
Eric Nam ရဲ့ K-Pop Daebak မှာ တက်သစ်စအဖွဲ့ WEi အဖွဲ့ဝင် Junseo က K-pop နယ်ပယ်မှာ သူလေးစားအတုယူရသူတွေအကြောင်း ဖွင့်ဟခဲ့ပါတယ်။
Junseo က သူအနေနဲ့ အေဂျင်စီကို မရောက်ခင်အထိ သီချင်းနဲ့ ပတ်သက်ပြီး အားနည်းခဲ့ကြောင်း၊ BTS ကို ကြည့်ကာ သင်ယူမှုတွေ ပြုလုပ်ခဲ့ရကြောင်း ဆိုခဲ့ပါတယ်။
“သီချင်းနဲ့ ပတ်သက်ပြီး ကျွန်တော့်မှာ အတွေ့အကြုံမရှိပါဘူး။ ဒါကြောင့် BTSကိုကြည့်ပြီး သင်ယူမှုတွေ ပြုလုပ်ခဲ့ရပါတယ်။ စိတ်ဓာတ်ခွန်အားတွေယူခဲ့ရပါတယ်။ သူတို့ရဲ့ သီချင်းတွေ၊ စတိတ်ဖျော်ဖြေမှုတွေက အံ့အားသင့်ဖွယ်ကောင်းပြီး ခမ်းနားပါတယ်”လို့ Junseo က ဖွင့်ဟခဲ့ပါတယ်။
ဆက်လက်ပြီး Junseo က သူ့အနေနဲ့ BTS ထဲမှာ ဘယ်သူ့ကို အလေးစားဆုံးလဲဆိုတာပ ါဖွင့်ဟခဲ့ပါတယ်။ BTS ထဲမှာ သူအလေးစားဆုံးက တခြားသူမဟုတ်ဘဲ Jungkook ပါ။ Jungook ဟာ အရမ်းမိုက်တယ်လို့ Junseo က ဆိုခဲ့ပါတယ်။
-Ref: Koreaboo