K pop

■ ‘TMI News’ ကထုတ်ပြန်တဲ့ အမိုက်စား ခန္ဓာကိုယ်ပိုင်ရှင် အမျိုးသား Idol များ

— K-pop အမျိုးသား Idol တွေအနက် ဟော့ဖြစ်ဆုံး၊ Sexy အကျဆုံး၊ အလန်းဆုံး အမိုက်စား ခန္ဓာကိုယ်ပိုင်ရှင် Idol တွေပါ . . .

Mnet ရုပ်သံရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ ‘TMI News’ ဟာ အလှဆုံးခန္ဓာကိုယ်ပိုင်ရှင် အမျိုးသမီး Idol စာရင်းတွေကို ထုတ်ပြန်ခဲ့သလို အမိုက်စားအလန်းစား ခန္ဓာကိုယ်ပိုင်ရှင် အမျိုးသား Idol စာရင်းကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

‘TMI News’ ကထုတ်ပြန်တဲ့ အမိုက်စား ခန္ဓာကိုယ်ပိုင်ရှင် အမျိုးသား Idol (၇)ဦးစာရင်းမှာ ဦးဆောင်ခဲ့တဲ့ သူကတော့ 2PM အဖွဲ့ဝင် Taecyeon ပဲဖြစ်ပါတယ်။ Taecyeon ဟာ အရင်ကတည်းက စွဲမက်ဖွယ် Sixpack နဲ့ ယောကျာ်းပီသမှုရှိတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပါတယ်။ သူ့ကို ပရိသတ်တွေက “beastly” လို့တောင် နောက် ပြောင်ခေါ်ဝေါ်ကြတာဖြစ်ပါတယ်။

အခုချိန်ထိလည်း Taecyeon ဟာ သူ့ရဲ့ အလန်းစားခန္ဓာကိုယ်ကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပြီး မနက်မိုးလင်း တိုင်းမှာ လေ့ကျင့်ခန်းပြုလုပ်သလို ကြက်ရင်ဘုံ၊ ကန်စွန်းဥ၊ ကြက်ဥပြုတ်နဲ့ ငှက်ပျောသီးတို့ကိုလည်း နေ့စဉ်နဲ့ အမျှစားသုံးလေ့ရှိတယ်လို့လည်း ထုတ်ဖော်ပြောဆိုထားသူဖြစ်ပါတယ်။ 2PM အဖွဲ့ဝင် Taecyeon ရဲ့နောက် ဒုတိယနေရာမှာရပ်တည်ခဲ့သူကတော့ NU’EST အဖွဲ့ဝင် Baekho ဖြစ်သလို တတိယနေရာမှာ BIGBANG အဖွဲ့ ဝင် Taeyang က ရပ်တည်ခဲ့ပါတယ်။ နောက်ထပ် EXO အဖွဲ့ဝင်တစ်ဦး၊ BTS အဖွဲ့ဝင်တစ်ဦးလည်း ဒီစာရင်းမှာ ပါဝင်နိုင်ခဲ့ပါတယ်။

1) 2PM’s Taecyeon

2) NU’EST’s Baekho

3) BIGBANG’s Taeyang

4) MONSTA X’s Shownu

5) EXO’s Kai

6) BTS’ Jungkook

7) NCT’s Jaehyun

-m2t
Ref: Kstarlive

You cannot copy content of this page