— မတ်မတ် Ha Jiwon လို နုပျိုပြီး လှချင်လား….ဒါဆိုရင် သူမရဲ့ လျှို့ဝှက်ချက်အတိုင်း . . .
နာမည်ကျော်မင်းသမီး Ha Jiwon ဟာ အသက်(၄၀)ကျော်ပြီဖြစ်ပေမယ့် နုပျိုနေဆဲ၊ လှနေဆဲ တောင်ကိုရီး ထိပ်တန်းမင်းသမီးတွေထဲက တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ မင်းသမီး Ha Jiwon ကတော့ အခုချိန်အထိ နုပျို နေဆဲ သူမရဲ့လျှို့ဝှက်ချက်လက်နက်ကို ဖော်ထုတ်ခဲ့ပြီဖြစ်ပါတယ်။
SBS’ television show ‘Han Bam’ မှာ Ha Jiwon ရဲ့ အင်တာဗျူးပါ ဝင်ခဲ့ပါတယ်။ အင်တာဗျူးအစပိုင်းမှာ သတင်းထောက်က Ha Jiwon ကို လွန်ခဲ့တဲ့နှစ်နှစ်ကလည်း ကျွန်တော်တို့ ဒီလို အင်တာဗျူးပြုလုပ်ခဲ့ဖူးတယ်လို့ ဆိုခဲ့ပါတယ်။ သတင်းထောက်က “ လွန်ခဲ့ နှစ်နှစ် ကျွန်တော်တို့နောက်ဆုံး လုပ်ခဲ့တဲ့ အင်တာဗျူးအတိုင်း ဘာမှပြောင်းလဲမှုမရှိဘူးနော်…တစ်ပုံစံတည်းပါပဲ။ ဘယ်လိုလုပ်ပြီး နုပျိုမှုကို ထိန်းသိမ်းထားနိုင်တာလဲ” လို့ Ha Jiwon ကို ပြောခဲ့ပါ တယ်။
အဲဒီအခါ Ha Jiwon က သတင်းထောက်ကို ကျေးဇူးတင်ပြီး “ ကျွန်မ အများကြီးရယ်တယ်လေ…ဒါက ကျွန်မ ရဲ့အသားရည်ကို တင်းရင်းစေတယ်လို့ ထင်ပါတယ်။ နောက်ပြီး ကျွန်မ ရှောက်သီးတွေအရမ်းစားပါတယ်။ ဒါက တော့ ကျွန်မရဲ့ ထိပ်တန်းလျှို့ဝှက်ချက်ပေါ့။ တစ်နေ့ကို ကျွန်မ ရှောက်သီး (၃)လုံးစားပါတယ်။
ရှောက်သီး ဟာ ဘယ်လောက်ချဉ်လဲသိတယ်မှတ်လား။ ကျွန်မ လီမွန်သီးစားတိုင်း ကျွန်မမျက်နှာ အရေပြား ဟာ တင်းရင်းသွားပါတယ်။ ပြီးတော့ ကျွန်မဟာ အလွယ်တကူရယ်မောတာပါပဲ။ ဒါကြောင့်ပဲ ကျွန်မမျက်နှာ အရေပြားတွေဟာ တွန့်သွားတာမဖြစ်ဘူးလို့ ထင်ပါတယ်” လို့ ပြောခဲ့ပါတယ်။
-m2t
Ref: SBSstar