—- လူတိုင်းက အရပ်ရှည်တဲ့ခန္ဓာကိုယ်အစားကို သဘောကျကြပေမယ့် ဒီ အမျိုးသား Idol ကတော့ သူ့ရဲ့ ရှည်လျားလွန်းတဲ့အရပ်ကြောင့် စိတ်ပျက်ရတဲ့အကြောင်းကို ရင်ဖွင့်ခဲ့ဖူးပါတယ်။
အဲဒီအမျိုးသား Idol ကတော့ SF9 အဖွဲ့ဝင် Ro Woon ဖြစ်ပါတယ်။ Ro Woon ရဲ့ အရပ်အမောင်းဟာ 190.5 cm (6’3″) ရှိသူဖြစ်ပြီး လူတိုင်းအားကျရတဲ့ အရပ်အမြင့်ကို ပိုင်ဆိုင်ထားတာပါ။ ဒါပေမဲ့ သူကတော့ တစ်ခါတစ် လေ သူ့ရဲ့မြင့်မားတဲ့အရပ်အမောင်းကြောင့် လူ့ဘီးလူးကြီးတစ်ဦးလို ခံစားရသလို အရပ်ပုဖို့ကိုလည်း ဆု တောင်းခဲ့ဖူးတယ်လို့ ဖွင့်ဟခဲ့ပါတယ်။
“ အရပ်ပုချင်တဲ့ ခံစားချက်တွေ ကျွန်တော့်မှာ အများကြီးဖြစ်ပေါ်ခဲ့ပါတယ်။ တစ်ခါတစ်ရံ ကိုယ့်ကိုယ်ကို လူ့ဘီး လူးကြီးတစ်ဦးလို ခံစားရတာပါ။
တစ်ခါတုန်းက ကျွန်တော်ဟာ တောင်တက်တဲ့လေ့ကျင့်ခန်းပြုလုပ်ခဲ့ပါတယ်။ အဲဒီမှာ ခပ်လှမ်းလှမ်းကနေ တောင်ပေါ်က ဆင်းလာတဲ့လူတစ်ဦးကို တွေ့ခဲ့ပါတယ်။ သူ့ကို လှမ်းမြင်ရတဲ့အချိန် အရပ်တော်တော်ရှည် တာပဲလို့ ကျွန်တော် ထင်ခဲ့ပါတယ်။ ကျွန်တော်အရပ်ထက်တောင် ပိုရှည်တဲ့သူတို့ ထင်ခဲ့တာပါ။
ဒါပေမဲ့ ကျွန်တော့်ဘေးကနေ သူဖြတ်လာတဲ့အချိန်မှာ ကျွန်တော်နဲ့ သူ ဘယ်သူအရပ်ပိုရှည်မလဲဆိုပြီး ဘေး တိုက်တိုင်းကာ စပ်စုခဲ့ပါတယ်။ အဲဒီလိုကြည့်လိုက်တဲ့အခါမှာ သူက ကျွန်တော့်ထက် အရပ်ပိုပုနေခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ အခြားသူတွေဟာ ကျွန်တော်နဲ့တွေ့တဲ့အခါ အရပ်နဲ့ပတ်သက်ပြီး ကျွန်တော်အပေါ် ဘယ်လို ခံစားချက်တွေရှိမလဲလို့ သိချင်မိလာခဲ့ပါတယ်။
လူတွေဟာ သင့်လျော်တဲ့ အရပ်ရှိသင့်တယ်လို့ ကျွန်တော် ယုံကြည်ထားတာပါ။ ဒါပေမဲ့ ကျွန်တော့်ရဲ့အရပ်က တော့ သင့်လျော်တာထက်ကို ပိုထွက်နေတာလို့ ခံစားရပါတယ်။ အရပ်နဲ့ပတ်သက်ပြီး ကျွန်တော့် ခံစားချက်က မကောင်းပါဘူး” လို့ SF9 အဖွဲ့ဝင် Ro Woon က အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
-m2t
Ref: SBSstar