K pop

■ (၆)ခုမြောက် Mini Album ရဲ့ အမည်နဲ့ Logo ကို Red Velvet ထုတ်ဖော်ပြသ

— – – ပရိသတ်တွေ မျှော်လင့်တကြီး စောင့်မျှော်နေကြတဲ့ Red Velvet ရဲ့ Comeback ကတော့ …

နာမည်ကျော် ကိုရီးယားအမျိုးသမီးအဆိုတော်အဖွဲ့ Red Velvet ဟာ သြဂုတ်လ (၂)ရက် ဒေသစံတော်ချိန် (၀၀း၀၀) နာရီမှာ (၆)ခုမြောက် Mini Album ရဲ့ အမည်နဲ့ Logo ကို ထုတ်ပြခဲ့ပါတယ်။

Red Velvet အဖွဲ့ဟာ သူတို့ရဲ့ (၆)ခုမြောက် Mini Album ရဲ့ အမည်ကို Queendom လို့ အမည်ပေးထားပြီး သူတို့ရဲ့ Logo ကတော့ အောက်မှာ မြင်တဲ့အတိုင်းပါပဲ။

Red Velvet အဖွဲ့အနေနဲ့ Queendom ကို သြဂုတ်လ (၁၆)ရက်နေ့ ကိုရီးယားစံတော်ချိန် ည (၆)နာရီမှာ ထုတ်လွှင့်မှာ ဖြစ်ပါတယ်။

Red Velvet အဖွဲ့အနေနဲ့ Queendom ကို ထုတ်ဝေတဲ့နေ့မှာပဲ သူတို့ရဲ့ အဖွဲ့တည်ထောင်မှု (၇)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အွန်လိုင်းကနေ ပရိသတ်တွေနဲ့ တွေ့ဆုံပွဲပါ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

Ref: Soompi

 

-Zawgyi







Ref: Soompi

You cannot copy content of this page