K pop

■ Instagram Account ကို Mina ပိတ်လိုက်ပြီလား ?

— – – များပြားလှတဲ့ အရှုပ်အထွေးကြောင့် အခက်တွေ့နေတဲ့ Mina ဟာ …

AOA အဖွဲ့ဝင်ဟောင်း Kwon Mina ဟာ သူမရဲ့ Instagram Account ကို ပိတ်လိုက်ပြီလားဆိုတာကို ပရိသတ်တွေ သိချင်နေကြပါတယ်။

အဆိုတော်၊ မင်းသမီး Kwon Mina ဟာ Controversies များစွာနဲ့ ရင်ဆိုင်ရပြီးနောက်မှာ သူမရဲ့ IG အကောင့်ဟာ ဇူလိုင် (၃၀)ရက်ကစပြီး မတွေ့ရတော့တာ ဖြစ်ပါတယ်။

Kwon Mina ဟာ ပြီးခဲ့တဲ့နှစ်က AOA အဖွဲ့ခေါင်းဆောင်ဟောင်း Jimin နဲ့ ပြဿနာတက်ခဲ့သလို၊ ပြီးခဲ့တဲ့လပိုင်းက ချစ်သူကို ထုတ်ပြခဲ့ရာမှာလည်း ပရိသတ်တွေက သူများရဲ့ချစ်သူကို လုယူထားတာဖြစ်ကြောင့် ဖော်ထုတ်ခဲ့လို့ နောက်ဆုံးမှာ လမ်းခွဲခဲ့ရပါတယ်။

စိတ်ပိုင်းဆိုင်ရာပြဿနာတွေ ရှိနေတဲ့ Kwon Mina ဟာ ဇူလိုင် (၂၉)ရက်မှာ အဆုံးစီရင်ဖို့ ကြိုးစားခဲ့တာကြောင့် ဆေးရုံတင်ခဲ့ရပြီး လက်ရှိမှာတော့ အခြေအနေ စိုးရိမ်စရာမရှိတော့ဘူးလို့ သိရပါတယ်။

လက်ရှိမှာ Kwon Mina ရဲ့ Instagram Account ကို ရှာမတွေ့တော့ပေမဲ့ Deactivated လုပ်ထားသလား ဒါမှမဟုတ် အပြီးတိုင် ဖျက်သိမ်းခြင်းလားဆိုတာကိုတော့ မသိရသေးပါဘူး။

Kwon Mina ဟာ ပြီးခဲ့တဲ့ ၂၀၂၀ သြဂုတ်လကတည်းက Instagram Account ကို Deactivated လုပ်ခဲ့ဖူးပြီး ၂၀၂၀ စက်တင်ဘာလမှာ ပြန်အသုံးပြုခဲ့ဖူးပါတယ်။

Ref: AKP

 

-Zawgyi









Ref: AKP

You cannot copy content of this page