K pop

■ ထိန်းသိမ်းခံထားရတဲ့ Kris Wu ရဲ့ရင်ဆိုင်ရနိုင်တဲ့ အခြေအနေကို တရုတ်ရှေ့နေတွေ ဆွေးနွေး

— – – Kris Wu ရဲ့ အမှုနဲ့ပတ်သက်လို့ တရုတ်ရှေ့နေတစ်ဦးရဲ့ သုံးသပ်ချက်ကတော့ ရင်လေးစရာ …

ဇူလိုင် (၃၁)ရက်မှာ နာမည်ကျော် တရုတ်-ကနေဒါအဆိုတော်၊ မင်းသား Kris Wu ကို ကာမလိမ်လည်မှု သံသယနဲ့ ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ တရုတ်ရဲတွေက ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိ တရုတ်မှသာမက ကမ္ဘာ့အနှံ့မှာပါ Kris Wu ရဲ့သတင်းဟာ ဟိုးလေးတစ်ကျော်ဖြစ်နေပြီး တရုတ်မီဒီယာ Sina က နာမည်ကျော် တရုတ်ရှေ့နေ Zhang Qi Huai ကို Kris Wu ရဲ့ အမှုနဲ့ပတ်သက်ပြီး အင်တာဗျူးပြုလုပ်ခဲ့ပြီး သူက အခုလို ရှင်းပြခဲ့ပါတယ်။

ပထမဆုံးအနေနဲ့ Chaoyang ရဲစခန်းက Kris Wu ကို ထိန်းသိမ်းလိုက်တယ်ဆိုတာက ဒီအမှုမှာ Kris Wu အနေနဲ့ ကျူးလွန်ခဲ့တယ်ဆိုတဲ့ အထောက်အထားရှိတာကြောင့်လို့ Zhang Qi Huai က စပြီး ရှင်းပြပါတယ်။

ဆက်ပြီးတော့ သူက Kris Wu ဟာ နာမည်ကျော်တစ်ဦးဖြစ်တဲ့ အတွက် ပြည်သူလူထုအပေါ် လွှမ်းမိုးမှုကြီးမားသူဖြစ်ပြီး ဒီအမှုကို ရဲတွေက သတိကြီးစွာနဲ့ စုံးစမ်းထောက်လှမ်းနေကြောင်း၊ အမှုက ရှုပ်ထွေးကြောင်း၊ Kris Wu ဟာ ကနေဒါနိုင်ငံသားအဖြစ် ခံယူထားတာကြောင့် နိုင်ငံကထွက်သွားရင် လိုက်ရခက်နိုင်တာကြောင့် Kris Wu ကို ဖမ်းဆီးထိန်းသိမ်းလိုက်တာဖြစ်ကြောင်း၊ တကယ်လို့ အပြစ်ရှိကြောင်း တွေ့ရှိရမယ်ဆိုရင် Kris Wu အနေနဲ့ တရုတ်ဥပဒေအရ အရေးယူခံရနိုင်ကြောင်း ဆိုပါတယ်။

သူက “Kris Wu ကို ဖမ်းဆီးထိန်းသိမ်းလိုက်တာဟာ ရဲတွေ လက်ထဲမှာ ခိုင်မာတဲ့ သက်သေအထောက်အထား ရှိနေတာ ကြောင့်ဖြစ်ပြီး Kris Wu အနေနဲ့ (၂)လထက်ပိုပြီး ထိန်းသိမ်းခံနိုင်ခြေ ရှိပါတယ်။ တကယ်လို့ အမှုက ကြီးပြီး ရှုပ်ထွေးမယ်ဆိုရင် ထိန်းသိမ်းခံရမှုဟာ (၃)လအထိလည်း ဖြစ်နိုင်ပါတယ်။

Kris Wu ရဲ့ အမှုကို ရုံးတင်စစ်ဆေးဖို့ဆိုရင် အမှုက ရှုပ်ထွေးတာကြောင့် (၂)လကနေ (၆)လအထိ ကြာမြင့်နိုင်ပါတယ်။ ဒါပေမဲ့ ဒီအမှုက လူတွေ အရမ်းစိတ်ဝင်စားတဲ့ အမှုဖြစ်တာကြောင့် ရုံးအမြန်တင်နိုင်ဖို့ ကြိုးစားပါလိမ့်မယ်။ ပြီးတော့ နာမည်ကျော်တစ်ဦးရဲ့ အမှုဖြစ်တာကြောင့် ပွင့်လင်းမြင်သာမှု ပိုရှိမယ်လို့ ခန့်မှန်းရပါတယ်”လို့ ဆိုခဲ့ပါတယ်။

Kris Wu အပေါ် စွပ်စွဲချက်တွေ ထွက်ပေါ်လာပြီးနောက် Louis Vuitton, Tencent, Porsche, Bvlgari တို့အပါအဝင် အနည်းဆုံး နာမည်ကျော် Brand (၁၄)ခုက စာချုပ်ဖျက်သိမ်းခဲ့ပြီး လက်ရှိ တရုတ်မှာ Kris Wu ကို အနုပညာလှုပ်ရှားမှုတွေ ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

တခြား နာမည်ကျော် တရုတ်ရှေ့နေတစ်ဦးဖြစ်တဲ့ Yan Xu ကတော့ တကယ်လို့ ဒီအမှုမှာသာ Kris Wu အနေနဲ့ ပြစ်မှုထင်ရှားကြောင့် တွေ့ရှိခဲ့မယ်ဆိုရင် အနည်းဆုံး ထောင်ဒဏ် (၁၀)နှစ် ဒါမှမဟုတ် အများဆုံး ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ကျခံရနိုင်တယ်လို့ ဆိုခဲ့ပါတယ်။

Source: Sina (1) and (2) and Guan Cha

 

-Zawgyi

■ ထိန္းသိမ္းခံထားရတဲ့ Kris Wu ရဲ႕ရင္ဆုိင္ရႏုိင္တဲ့ အေျခအေနကုိ တ႐ုတ္ေရွ႕ေနေတြ ေဆြးေႏြး

— – – Kris Wu ရဲ႕ အမႈနဲ႔ပတ္သက္လုိ႔ တ႐ုတ္ေရွ႕ေနတစ္ဦးရဲ႕ သုံးသပ္ခ်က္ကေတာ့ ရင္ေလးစရာ …

ဇူလုိင္ (၃၁)ရက္မွာ နာမည္ေက်ာ္ တ႐ုတ္-ကေနဒါအဆုိေတာ္၊ မင္းသား Kris Wu ကုိ ကာမလိမ္လည္မႈ သံသယနဲ႔ ဖမ္းဆီးထိန္းသိမ္းလုိက္တယ္လုိ႔ တ႐ုတ္ရဲေတြက ထုတ္ျပန္ခဲ့ပါတယ္။

လက္ရွိ တ႐ုတ္မွသာမက ကမၻာ့အႏွံ႔မွာပါ Kris Wu ရဲ႕သတင္းဟာ ဟုိးေလးတစ္ေက်ာ္ျဖစ္ေနၿပီး တ႐ုတ္မီဒီယာ Sina က နာမည္ေက်ာ္ တ႐ုတ္ေရွ႕ေန Zhang Qi Huai ကုိ Kris Wu ရဲ႕ အမႈနဲ႔ပတ္သက္ၿပီး အင္တာဗ်ဴးျပဳလုပ္ခဲ့ၿပီး သူက အခုလုိ ရွင္းျပခဲ့ပါတယ္။

ပထမဆုံးအေနနဲ႔ Chaoyang ရဲစခန္းက Kris Wu ကုိ ထိန္းသိမ္းလုိက္တယ္ဆုိတာက ဒီအမႈမွာ Kris Wu အေနနဲ႔ က်ဴးလြန္ခဲ့တယ္ဆုိတဲ့ အေထာက္အထားရွိတာေၾကာင့္လုိ႔ Zhang Qi Huai က စၿပီး ရွင္းျပပါတယ္။

ဆက္ၿပီးေတာ့ သူက Kris Wu ဟာ နာမည္ေက်ာ္တစ္ဦးျဖစ္တဲ့ အတြက္ ျပည္သူလူထုအေပၚ လႊမ္းမုိးမႈႀကီးမားသူျဖစ္ၿပီး ဒီအမႈကုိ ရဲေတြက သတိႀကီးစြာနဲ႔ စုံးစမ္းေထာက္လွမ္းေနေၾကာင္း၊ အမႈက ႐ႈပ္ေထြးေၾကာင္း၊ Kris Wu ဟာ ကေနဒါႏုိင္ငံသားအျဖစ္ ခံယူထားတာေၾကာင့္ ႏုိင္ငံကထြက္သြားရင္ လုိက္ရခက္ႏုိင္တာေၾကာင့္ Kris Wu ကုိ ဖမ္းဆီးထိန္းသိမ္းလုိက္တာျဖစ္ေၾကာင္း၊ တကယ္လုိ႔ အျပစ္ရွိေၾကာင္း ေတြ႕ရွိရမယ္ဆုိရင္ Kris Wu အေနနဲ႔ တ႐ုတ္ဥပေဒအရ အေရးယူခံရႏုိင္ေၾကာင္း ဆုိပါတယ္။

သူက “Kris Wu ကုိ ဖမ္းဆီးထိန္းသိမ္းလုိက္တာဟာ ရဲေတြ လက္ထဲမွာ ခုိင္မာတဲ့ သက္ေသအေထာက္အထား ရွိေနတာ ေၾကာင့္ျဖစ္ၿပီး Kris Wu အေနနဲ႔ (၂)လထက္ပုိၿပီး ထိန္းသိမ္းခံႏုိင္ေျခ ရွိပါတယ္။ တကယ္လုိ႔ အမႈက ႀကီးၿပီး ႐ႈပ္ေထြးမယ္ဆုိရင္ ထိန္းသိမ္းခံရမႈဟာ (၃)လအထိလည္း ျဖစ္ႏုိင္ပါတယ္။

Kris Wu ရဲ႕ အမႈကုိ ႐ုံးတင္စစ္ေဆးဖုိ႔ဆုိရင္ အမႈက ႐ႈပ္ေထြးတာေၾကာင့္ (၂)လကေန (၆)လအထိ ၾကာျမင့္ႏုိင္ပါတယ္။ ဒါေပမဲ့ ဒီအမႈက လူေတြ အရမ္းစိတ္၀င္စားတဲ့ အမႈျဖစ္တာေၾကာင့္ ႐ုံးအျမန္တင္ႏုိင္ဖုိ႔ ႀကိဳးစားပါလိမ့္မယ္။ ၿပီးေတာ့ နာမည္ေက်ာ္တစ္ဦးရဲ႕ အမႈျဖစ္တာေၾကာင့္ ပြင့္လင္းျမင္သာမႈ ပုိရွိမယ္လုိ႔ ခန္႔မွန္းရပါတယ္”လုိ႔ ဆုိခဲ့ပါတယ္။

Kris Wu အေပၚ စြပ္စဲြခ်က္ေတြ ထြက္ေပၚလာၿပီးေနာက္ Louis Vuitton, Tencent, Porsche, Bvlgari တုိ႔အပါအ၀င္ အနည္းဆုံး နာမည္ေက်ာ္ Brand (၁၄)ခုက စာခ်ဳပ္ဖ်က္သိမ္းခဲ့ၿပီး လက္ရွိ တ႐ုတ္မွာ Kris Wu ကုိ အႏုပညာလႈပ္ရွားမႈေတြ ပိတ္ပင္ထားတယ္လုိ႔ သိရပါတယ္။

တျခား နာမည္ေက်ာ္ တ႐ုတ္ေရွ႕ေနတစ္ဦးျဖစ္တဲ့ Yan Xu ကေတာ့ တကယ္လုိ႔ ဒီအမႈမွာသာ Kris Wu အေနနဲ႔ ျပစ္မႈထင္ရွားေၾကာင့္ ေတြ႕ရွိခဲ့မယ္ဆုိရင္ အနည္းဆုံး ေထာင္ဒဏ္ (၁၀)ႏွစ္ ဒါမွမဟုတ္ အမ်ားဆုံး ေထာင္ဒဏ္ တစ္သက္တစ္ကၽြန္းအထိ က်ခံရႏုိင္တယ္လုိ႔ ဆုိခဲ့ပါတယ္။

Source: Sina (1) and (2) and Guan Cha

You cannot copy content of this page