K pop

■ K-League ရဲ့ Ambassador အဖြစ် ခန့်အပ်ခံခဲ့ရတဲ့ SHINee အဖွဲ့ဝင်

— – – တောင်ကိုရီးယားရဲ့ အဆင့်အမြင့်ဆုံးဘောလုံးပြိုင်ပွဲဖြစ်တဲ့ K-League မှာ …

SHINee အဖွဲ့ဝင် Minho ဟာ တောင်ကိုရီးယားရဲ့ အဆင့်အမြင့်ဆုံးဘောလုံးပြိုင်ပွဲဖြစ်တဲ့ K-League ရဲ့ Ambassador အဖြစ် ခန့်အပ်ခံခဲ့ရတယ်လို့ သိရပါတယ်။

တောင်ကိုရီးယားဘောလုံးအဖွဲ့ချုပ်က Minho ကို K-League ရဲ့ Ambassador အဖြစ် ဆိုးလ်မြို့က Sunggok Museum မှာ အခမ်းအနားနဲ့ ခန့်အပ်ခဲ့တာလည်း ဖြစ်ပါတယ်။

Minho က “K-League ရဲ့ Ambassador အဖြစ် ခန့်အပ်ရတာကြောင့် ကျွန်တော် အရမ်းဂုဏ်ယူပါတယ်။ လူတွေကို ခွန်အားတွေ ပေးနိုင်ဖို့နဲ့ K-League ကို ပရိုမိုရှင်းလုပ်ပေးဖို့အတွက် ကျွန်တော် အစွမ်းကုန် ကြိုးစားသွားမှာပါ”လို့ ဆိုခဲ့ပါတယ်။

SHINee အဖွဲ့ဝင် Minho နဲ့အတူ Hwang Sun Hong, Choi Yong Soo, Cho Won Hee နဲ့ Bae Seong Jae တို့ဟာလည်း K-League ရဲ့ Ambassador အဖြစ် ခန့်အပ်ရခဲ့ကြောင်း သိရပါတယ်။

Ref: AKP

 

-Zawgyi

■ K-League ရဲ႕ Ambassador အျဖစ္ ခန္႔အပ္ခံခဲ့ရတဲ့ SHINee အဖဲြ႕၀င္

— – – ေတာင္ကိုရီးယားရဲ႕ အဆင့္အျမင့္ဆုံးေဘာလုံးၿပိဳင္ပဲြျဖစ္တဲ့ K-League မွာ …

SHINee အဖဲြ႕၀င္ Minho ဟာ ေတာင္ကိုရီးယားရဲ႕ အဆင့္အျမင့္ဆုံးေဘာလုံးၿပိဳင္ပဲြျဖစ္တဲ့ K-League ရဲ႕ Ambassador အျဖစ္ ခန္႔အပ္ခံခဲ့ရတယ္လုိ႔ သိရပါတယ္။

ေတာင္ကုိရီးယားေဘာလုံးအဖဲြ႕ခ်ဳပ္က Minho ကုိ K-League ရဲ႕ Ambassador အျဖစ္ ဆုိးလ္ၿမိဳ႕က Sunggok Museum မွာ အခမ္းအနားနဲ႔ ခန္႔အပ္ခဲ့တာလည္း ျဖစ္ပါတယ္။

Minho က “K-League ရဲ႕ Ambassador အျဖစ္ ခန္႔အပ္ရတာေၾကာင့္ ကၽြန္ေတာ္ အရမ္းဂုဏ္ယူပါတယ္။ လူေတြကုိ ခြန္အားေတြ ေပးႏုိင္ဖုိ႔နဲ႔ K-League ကုိ ပ႐ုိမုိရွင္းလုပ္ေပးဖုိ႔အတြက္ ကၽြန္ေတာ္ အစြမ္းကုန္ ႀကိဳးစားသြားမွာပါ”လုိ႔ ဆုိခဲ့ပါတယ္။

SHINee အဖဲြ႕၀င္ Minho နဲ႔အတူ Hwang Sun Hong, Choi Yong Soo, Cho Won Hee နဲ႔ Bae Seong Jae တုိ႔ဟာလည္း K-League ရဲ႕ Ambassador အျဖစ္ ခန္႔အပ္ရခဲ့ေၾကာင္း သိရပါတယ္။

Ref: AKP

You cannot copy content of this page