K pop

■ အဲဒီနေ့က Jin ကျောင်းမတက်ပါ……

– – – Jin တစ်ယောက် ကျောင်းပြေးပြီး ရောက်နေတဲ့နေရာက တခြားတော့ မဟုတ်ပါဘူး။

BTS အဖွဲ့ဝင် Jin ဟာ ကျောင်းသားဘဝတုန်းက တကယ့်ကို စိတ်သဘောနူးညံ့ပြီး ချစ်ခင်စရာကောင်းတဲ့သူတစ်ယောက်ဖြစ်တယ်ဆိုတာ သူ့ရဲ့ဆရာဟောင်းတွေ၊ သူငယ်ချင်းတွေရဲ့ အွန်လိုင်းပေါ်က ဖွင့်ဟချက်တွေအရ ARMY တွေလည်း သိရှိထားပြီးသားပါ။

Jin ဟာ BTS အဖွဲ့ဝင်အဖြစ် ပွဲထွက်စဉ်တုန်းက Konkuk University မှာ ပညာသင်ကြားနေတုန်းပါ။ အခုအခါ အဲဒီတက္ကသိုလ်က ပါမောက္ခက Jin အကြောင်းပြောဆိုထားတဲ့ Post တစ်ခုက အွန်လိုင်းမှာ ရေပန်းစားနေခဲ့တာပါ။

Jin ဟာ အမြဲတမ်း ပါမောက္ခကို မက်ဆေ့ချ် ပေးပို့လေ့ရှိပြီး တကယ်လို့ အတန်းပျက်ရင်လည်း ဘာကြောင့် အတန်းပျက်မယ်ဆိုတဲ့အကြောင်းကို မက်ဆေ့ချ်ပေးပို့လေ့ရှိပါတယ်။ “ဟယ်လို..ပရော်ဖက်ဆာ။ ကျွန်တော်ကတော့ BTS အဖွဲ့ဝင် Jinပါ။ မကြာခင် Chuseok ကာလကို ရောက်တော့မယ်။ ပရော်ဖက်ဆာ ကောင်းကောင်း နားနိုင်ဖို့ ကျွန်တော် မျှော်လင့်ရပါတယ်” “ဟယ်လို..ပရော်ဖက်ဆာ။ ကျွန်တော်ကတော့ BTS အဖွဲ့ဝင် Jinပါ။ ဆရာ့ကို ဘယ်အချိန် ဖုန်းခေါ်လို့ရမလဲဆိုတာ သိချင်လို့ပါ”စသဖြင့် မက်ေ့ဆချ်တွေ ပေးပို့တာပါ။

တစ်ရက်မှာတော့ Jin ဟာ သူ့အနေနဲ့ အတန်းပျက်တဲ့အကြောင်းကို မက်ဆေ့ချ်ပေးဖို့ခဲ့ပါတယ်။ ဒါပေမဲ့ Jin တစ်ယောက် အတန်းပျက်ပေမယ့် ပါမောက္ခကတော့ ကျေနပ်နေခဲ့ပါတယ်။ အဲဒီတုန်းက Jin ဟာ MAMA ပွဲကို ရောက်နေခဲ့တာပါပဲ။

“ဟယ်လို..ပရော်ဖက်ဆာ။ ကျွန်တော်ကတော့ BTS အဖွဲ့ဝင် Jinပါ။ ကျွန်တော်အခု ဟောင်ကောင်မှာ ကျင်းပတဲ့ MAMA ပွဲမှာ ဖျော်ဖြေနေလို့ပါ။ ဒါကြောင့် ကျွန်တော် အတန်းမတက်နိုင်ဘူး ဖြစ်သွားတယ်။ ကျွန်တော် တောင်းပန်ပါတယ်ဗျာ”

-Jin

Jin တစ်ယောက် အဲဒီနေ့က ကျောင်းမတက်ပါဘူး။ ဒါပေမဲ့ စင်မြင့်တက်မှာ အစွမ်းကုန်တောက်ပနေတဲ့ သူ့တပည့်အတွက် ပရော်ဖက်ဆာလည်း ကျေနပ်နိုင်မယ် ထင်ပါတယ်။

-Chi Ko

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page