K pop

■ အနမ်းဇာတ်ဝင်ခန်း ရိုက်ကူးချင်တဲ့ မင်းသားကို ထုတ်ဖော်သွားခဲ့တဲ့ ဝါရင့်သရုပ်ဆောင်ကြီး Kim Soomi

– – – -ဒီမင်းသားဟာ သူမထက် (၃၂) နှစ်ငယ်ပြီး ပရိသတ်တွေကြားရဲ့ အသည်းစွဲ “ဦး”တစ်ယောက်. ……..

အသက် (၇၀) အရွယ်ရှိ တောင်ကိုရီးယားရုပ်ရှင်လောကရဲ့ ဝါရင့်သရုပ်ဆောင်ကြီး Kim Soomi ကတော့ သူမအနေနဲ့ အချစ်ဇာတ်လမ်းတွဲ ရိုက်ကူးချင်တဲ့မင်းသားကို ထုတ်ဖော်ဖွင့်ဟသွားခဲ့တာပါ။

သူကတော့ တခြားသူမဟုတ်ဘဲ ပရိသတ်တွေရဲ့ အသည်းစွဲ “ဦး”တစ်ယောက်ဖြစ်တဲ့ Jo Insung ပါပဲ။ Kim Soomi ဟာ Jo Insung နဲ့ အလွန်ရင်းနှီးသူပါ။ MBC ရဲ့ Radio Star အစီအစဉ်မှာ ပါဝင်ခဲ့ရာမှာတော့ Kim Soomi ဟာ သူမအနေနဲ့ ကိုယ်တိုင်ထုတ်လုပ်တဲ့ ဇာတ်လမ်းတွဲကို ရိုက်ကူးချင်ကြောင်း ဖွင့်ဟခဲ့တာပါ။

အခုအခါ သူမအနေနဲ့ အဲဒီအရာအတွက် ပြင်ဆင်နေပြီး TV Channel တွေဆီကလည်း တုံ့ပြန်မှုကောင်းတွေ ရရှိထားကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် Kim Soomi က သူမအနေနဲ့ Jo Insung နဲ့ အတူရိုက်ကူးဖို့ Melodrama တစ်ခုကိုလည်း ဇာတ်ညွှန်းရေးသားခဲ့ဖူးကြောင်း ဖွင့်ဟခဲ့ပါတယ်။

“အဲဒီမှာ အနမ်းဇာတ်ဝင်ခန်းပါပါတယ်။ ဒီ Role မျိုး သူဘယ်တော့မှ လက်မခံဘူးလို့ Insung ကပြောတယ်”လို့ Kim Soomi က ဆိုခဲ့ရာမှာတော့ အစီအစဉ်မှာ ပါဝင်သူတွေ အားလုံးပွဲကျသွားခဲ့ကြပါတယ်။

ဆက်လက်ပြီး Kim Soomi က “Jo Insung ရဲ့ မန်နေဂျာကိုတောင် ဇာတ်လမ်းတွဲအကြောင်း ဘယ်လောက်သိသလဲလို့ မေးခဲ့တယ်။ Jo Insung က ဘယ်တော့မှ လက်မခံဘူးလို့ မန်နေဂျာက ပြောတယ်။ နောက်ပြီး Jo Insung အကြောင်း TV မှာ ခဏခဏ ထည့်မပြောဖို့လည်း ကျွန်မကို ပြောခဲ့သေးတယ်”လို့ Kim Soomi က ပြောကြားသွားခဲ့ပါတယ်။

ဒါပေမဲ့ ပရိသတ်တွေ နားလည်မှုမလွဲဖို့တော့ Jo Insung က သူမအပေါ် သစ္စာရှိသူဖြစ်ကြောင်း၊ သူမရဲ့ အစီအစဉ်တွေကိုလည်း မကြာခဏ ဧည့်သည်အဖြစ်လာရောက်ကြောင်း Kim Soomi က ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။

-Chi Ko

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page