K pop

■ မကြည်နူးဘဲ မနေနိုင်တဲ့ Dahyun နဲ့ Kim Min Seok တို့နှစ်ယောက်ရဲ့ ရိုချက်

– – -Dahyun ခွံ့ကျွေးတဲ့ အသားဆလပ်ထုပ်က ဘယ်လိုအရသာရှိသလဲလို့ အမေးခံရစဉ်မှာတော့ Kim Min Seok က

On Flower Crew အစီအစဉ်က TWICE အဖွဲ့ဝင် Dahyun နဲ့ မင်းသား Kim Min Seok တို့ရဲ့ ကြည်ရူးစရာအခိုက်အတန့်တွေက Show မှာ ပါဝင်ခဲ့သူတွေအတွက်သာမကဘဲ ကြည့်ရှုသူ ပရိသတ်တွေအတွက်လည်း ကြည်နူးစရာဖြစ်ခဲ့ရပါတယ်။

On Flower Crew ရဲ့ အပိုင်းတစ်ပိုင်းမှာ TWICE အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Dahyun နဲ့ Nayeon တို့က ဧည့်သည်အဖြစ ်ပါဝင်ခဲ့ပြီး တောင်ကိုရီးယားနိုင်ငံ၊ ဂျယ်ဂျူကျွန်းက ဒေသထွက်အစားစာတွေကို စားသောက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဂျယ်ဂျူဒေသထွက် ပင်လယ်စာအစားအစာကို ချက်ပြုတ်နေတာကို Dahyun အပါအဝင် အစီအစဉ်မှာ ပါဝင်သူတွေက ရပ်ကြည့်နေခဲ့ကြပါတယ်။ အဲဒီမှာ မီးခိုကနေ မီးတွေ တရှိန်ထိုးတက်လာတဲ့အခါ Kim Min Seok က Dahyun တစ်ယောက် ပူမှာစိုးလို့ ကာပေးခဲ့တာကို တွေ့ရပါတယ်။

အဲဒီနောက် သူတို့စားတဲ့အခါမှာလည်း Dahun ပန်းကန်ထဲကို ထည့်ပေးခဲ့တာ တွေ့ရပါတယ်။ ဒါတင်မကသေးပါဘူး။ သူတို့နှစ်ယောက်ကြားက ဇာတ်ရှိန်အမြင့်ဆုံးအပိုင်းက Dahyun က Kim Min Seokကို အသားဆလပ်ထုပ် ခွံ့ကျွေးတဲ့အချိန်ပါပဲ။

စစချင်းမှာတော့ Kim Min Seok ဟာ ရှက်နေခဲပြီး မဝံ့မရဲ ဖြစ်နေပေမယ့် နောက်ပိုင်းမှာတော့ Dahyun ကျွေးတဲ့ ဆလပ်ထုပ်ကို စားခဲ့ပါတယ်။ အဲဒီနောက် အစီအစဉ်မှာ ပါဝင်တဲ့ တခြားသူတွေက Dahyun ခွံ့ကျွေးတဲ့ အသားဆလပ်ထုပ်က ဘယ်လိုအရသာရှိသလဲလို့ အမေးခံရစဉ်မှာတော့ Kim Min Seok က အရမ်းကောင်းတယ်လို့ ပြန်ဖြေခဲ့ပါတယ်။

ဲ့ Dahyun နဲ့ Kim Min Seok တို့နှစ်ယောက်ရဲ့ ရိုချက်ကတော့ မကြည်နူးဘဲ မနေနိုင်ဘူးလို့သာ ဆိုရတော့မှာပါ။

-Chi Ko

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page