— Red Velvet ရဲ့ အလှနတ်ဘုရားမလေး Irene ဟာ ပြဿနာတွေကြောင့် အနုပညာလှုပ်ရှားမှုက နေ 9 လနီးပါး အနားယူနေခဲ့သူပါ။ အခုအခါ သူမဟာ ပထမဆုံးအနေနဲ့ Red Velvet နဲ့အတူ အနု ပညာလှုပ်ရှားမှုတွေ ပြန်လုပ်လာပြီဖြစ်ပါတယ်။ နားနေတဲ့ အချိန်မှာ Irene ဘာတွေလုပ်ခဲ့သလဲဆို တာကို ပရိသတ်တွေ သိချင်မယ်လို့ ထင်ပါတယ်…
နားနေတဲ့ အချိန်မှာ သူမ ဘာလုပ်သလဲဆိုတာကို Irene က သြဂုတ်လ 1 ရက်နေ့က Live လွှင့်ခဲ့တဲ့ Red Velvet အဖွဲ့ရဲ့ 7 နှစ်ပြည့် Debut နှစ်ပတ်လည် ပါတီ Live မှာ ပြောပြခဲ့တာဖြစ်ပါတယ်။
“ ကျွန်မဟာ နားနေတဲ့အချိန်မှာ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းတွေလုပ်သလို သင်ယူစရာတွေ လည်း အများကြီးသင်ယူနိုင်ခဲ့ပါတယ်။ နောက်ပြီး ပုံရေးဆွဲခြင်းကိုလည်း ကျွန်မ သင်ခဲ့ပါတယ်။ ကျွန် မဟာ ပုံပန်းချီဆွဲတဲ့အခါမှာ တော်တဲ့သူတော့ မဟုတ်ပါဘူး။
ဒါပေမယ့် သင်ယူလိုက်တော့ အရင်ကထက်တော့ ပိုပြီးတော့ ရေးဆွဲနိုင်ခဲ့ပါတယ်။ နောက်ပြီး အက တွေလည်း ကျွန်မ သင်ယူခဲ့ပါတယ်” လို့ Irene က ပြောခဲ့ပါတယ်။
သူမဟာ ကောင်းကင်နဲ့ပတ်သက်တဲ့ ပုံတွေကို အများဆုံးရေးဆွဲခဲ့သလို လေ့လာသင်ယူမှုကြောင့် ဓါတ်ပုံနဲ့ပတ်သက်တဲ့ အမြင်မှာလည်း အရင်ကထက်စာရင် ကွဲပြားသွားခဲ့တယ်လို့ Irene က ဆိုခဲ့ ပါတယ်။ အခြား Red Velvet အဖွဲ့ဝင်တွေကလည်း Irene ဟာ နားနေတဲ့အချိန်မှာ သူတို့ရဲ့ Dorm မှာ အိမ်မှုကိစ္စတွေ အမြဲတမ်းလုပ်သလို ဟင်းတွေလည်း ချက်ကျွေးတယ်လို့ ဖွင့်ဟခဲ့ကြပါတယ်။
-m2t
Ref: Allkpop