— Twitter ဟာ 2020-21 သူတို့ရဲ့ ပလက်ဖောင်းပေါ်မှာ K-pop နဲ့ပတ်သက်ပြီး Tweet အများဆုံး နိုင်ငံ 20 ကို ဖော်ပြခဲ့…
မကြာသေးခင်က Twitter ဟာ 2020-21 အတွင်း K-pop Tweet 7.5 ဘီလီယံကို တွက်ချက်ခဲ့တာ ဖြစ်သလို “K-pop နဲ့ပတ်သက်ပြီး Tweet အများဆုံး နိုင်ငံ 20” ၊ “K-pop Fan အများဆုံး နိုင်ငံ 20” နဲ့ “Mention အများဆုံး K-pop အဖွဲ့ 20 ” စာရင်းတွေကို ဖော်ပြခဲ့တာဖြစ်ပါတယ်။
အဆိုပါ Twitter မှာ တွက်ချက်တဲ့ စာရင်းဟာ ဇူလိုင်လ 1 ရက် 2020 ခုနှစ်ကနေ ဇွန်လ 30 2021 ခုနှစ်အထိ ဖြစ်ပါတယ်။
K-pop နဲ့ပတ်သက်ပြီး Tweet အများဆုံး နိုင်ငံ 20 ရဲ့ ထိပ်ဆုံးမှာ ရပ်တည်ခဲ့တဲ့ နိုင်ငံကတော့ အရှေ့ တောင်အာရှက အင်ဒိုနီးရှားနိုင်ငံဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့အနောက်မှာ ဖိလစ်ပိုင်၊ ထိုင်း၊ တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံတို့က ရပ်တည်ခဲ့ကာ ထိပ်ဆုံး 5 နိုင်ငံစာရင်းမှာ ပါဝင်ခဲ့တာဖြစ် ပါတယ်။
ထပ်ပြီးတော့ Top 20 နိုင်ငံစာရင်းထဲ ပါဝင်ခဲ့တဲ့ နိုင်ငံတွေကတော့ ဘရာဇီး၊ မလေးရှား၊ မက္ကဆီကို၊ ဂျပန်၊ အိန္ဒိယ၊ အာဂျင်တီးနား၊ ပီရူး၊ ယူကေ၊ ဗီယက်နမ်၊ တူရကီ၊ ပြင်သစ်၊ ချီလီ၊ ကနေဒါ၊ ဆော်ဒီ အာရေဗျ နဲ့ စင်ကာပူတို့ဖြစ်ပါတယ်။
K-pop လွှမ်းမိုးမှုဟာ အာရှတိုက်အပါအဝင်၊ မြောက်အမေရိက ၊ တောင်အမေရိက နဲ့ ဥရောပတို့မှာ ပျံ့နှံ့နေတာ သက်သေပြလိုက်တာလည်းဖြစ်ပါတယ်။
-m2t
Ref: KpopstarZ