— BLACKPINK အဖွဲ့ဝင် Jennie က အောင်မြင်တဲ့ Idol တစ်ဦးရဲ့နောက်ကွယ်က တာဝန်ဝတ္တရားနဲ့ ပတ်သက်ပြီး သူမဘယ်လိုခံစားရသလဲဆိုတာကို ဖွင့်ဟခဲ့ပါတယ်။
“ အောင်မြင်တဲ့ Idol ဘဝဆိုတာ အမြဲတမ်း လူထုရဲ့ အမြင်မှာ ရှိနေတဲ့ဘဝဖြစ်ပါတယ်။ သေချာတာ က ကျွန်မတို့ဟာ ပြည်သူအချို့ရဲ့ ဘဝတွေကို လွှမ်းမိုးရှိတာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မ ပြုလုပ်တဲ့ အရာမှန်သမျှမှာ တာဝန်ဝတ္တရားရှိတယ်လို့ ခံစားရပါတယ်။
ကျွန်မ ငယ်စဉ်ကတည်းက ဒီလိုအောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ဦးဖြစ်လာဖို့ အိပ်မက်မက် ခဲ့တာပါ။ တစ်ချိန်တည်းမှာပဲ အောင်မြင်လာခဲ့ရင် အခြားပြည်သူတွေရဲ့ ဘဝအချို့ကိုပါ လွှမ်းမိုးမှုပေး နိုင်တယ်ဆိုတာ သိရှိခဲ့ရပါတယ်”
-Jennie
လက်ရှိအချိန်မှာ နိုင်ငံတကာပရိသတ်တွေရဲ့ ချစ်ခြင်းကို အပြည့်အဝရရှိထားတဲ့ Jennie ဟာ အဖက် ဖက်ကထူးချွန်တဲ့သူဖြစ်ပြီး Face Of Genius ၊ Fashion Trend Setter စတဲ့အပါအဝင် ဂုဏ်ပုဒ်တွေ အမြောက်အများရရှိထားတဲ့ နတ်မိမယ်လေးတစ်ဦးဖြစ်ပါတယ်။
-m2t
Ref: SBSstar