— – – Weibo က သူတို့ရဲ့ Platform ကနေ Kris Wu နဲ့ Kris Wu Label Official Account တွေကို အပြီးတိုင် …
နာမည်ကျော် တရုတ် Social Media တစ်ခုဖြစ်တဲ့ Weibo က သြဂုတ်လ (၁)ရက်မှာ သူတို့ရဲ့ Community Guidelines တွေကို ချိုးဖောက်မှုနဲ့ အကောင့် (၁၀၈)ခုနဲ့ Group (၇၈၉)ခုကို ပိတ်သိမ်းလိုက်တယ်လို့ ကြေညာခဲ့ပါတယ်။
Weibo က ပိတ်သိမ်းလိုက်တဲ့ စာရင်းမှာ တရုတ်ရဲတွေရဲ့ ထိန်းသိမ်းစစ်ဆေးခြင်းကို ခံနေရတဲ့ နာမည်ကျော် သရုပ်ဆောင်၊ အဆိုတော် Kris Wu နဲ့ သူ့ရဲ့ Label Official Account တွေပါ ပါဝင်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာ Kris Wu နဲ့ Kris Wu Label Official Account တွေကို Weibo မှာ ရှာလို့ မရတော့ဘူးလို့ တရုတ်က Weibo အသုံးပြုသူတွေက ဆိုပါတယ်။
ဒါ့ပြင် Kris Wu ရဲ့ သီချင်းတော်တော်များများကိုလည်း Stream Site တွေက ဖယ်ရှားခံလိုက်ရတယ်လို့ သိရပြီး သူ့သီချင်း (၂)ပုဒ်၊ (၃) ပုဒ်လောက်ပဲ နားဆင်လို့ရတော့တယ်လို့ တရုတ်မီဒီယာတွေက ဖော်ပြနေကြပါတယ်။
Kris Wu ဟာ ကာမလိမ်လည်မှုနဲ့ ရဲတွေရဲ့ ထိန်းသိမ်းခြင်းကို ခံထားရတာဖြစ်ပြီး တကယ်လို့ ပြစ်မှုထင်ရှားခဲ့မယ်ဆိုရင် အနည်းဆုံး ထောင်ဒဏ် (၁၀)နှစ် ဒါမှမဟုတ် ကံဆိုးရင် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံနိုင်ရတယ်လို့ တရုတ်ရှေ့နေတွေက သုံးသပ်နေကြပါတယ်။
Ref: AKP
-Zawgyi
■ Weibo က Kris Wu နဲ့ Kris Wu Label Official Account တွေကို ဖျက်သိမ်း
Ref: AKP