K pop

■ Zayn Malik နားထောင်တဲ့ တစ်ခုတည်းသော K-Pop အဖွဲ့

— – – ကမ္ဘာကျော် One Direction အဖွဲ့ဝင်ဟောင်း Zayn Malik နားထောင်လေ့ရှိတဲ့ K-Pop သီချင်းကတော့ …

Zayn Malik ဟာ ကမ္ဘာကျော် အမျိုးသားအဆိုတော်အဖွဲ့ One Direction ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သလို၊ လက်ရှိမှာ တစ်ကိုယ်တော်အဆိုတော်အဖြစ် အောင်မြင်စွာ ဖြတ်သန်းနေသူလည်း ဖြစ်ပါတယ်။

Zayn Malik ဟာ သိပ်မကြာခင်က သူ့ရဲ့ Playstation’s “Pop and Play” Spotify playlist ကို ပရိသတ်တွေထံ ပြသခဲ့ပြီး သူ နားထောင်တဲ့ သီချင်း (၂၅)ပုဒ်မှာ Jhené Aiko, JoJo, Jazmine Sullivan, Chloe x Halle, Victoria Monét နဲ့ သူ့ရဲ့ သီချင်းတွေပါ ပါဝင်ပါတယ်။

အဲဒီမှာ ထူးခြားတာက Zayn Malik ရဲ့ Spotify playlist မှာ K-Pop သီချင်းတစ်ပုဒ် ပါဝင်နေတာဖြစ်ပြီး အဲဒီအချက်က K-Pop ပရိသတ်တွေအကြား အတော်လေးကို ဟိုးလေးတစ်ကျော်ဖြစ်ခဲ့တာပါ။

Zayn Malik ရဲ့ Spotify playlist မှာ K-Pop သီချင်းကတော့ တခြားသီချင်းမဟုတ်ပါဘူး။ King of K-Pop လို့ တင်စားကြတဲ့ BIGBANG အဖွဲ့ရဲ့ ၂၀၁၅ ခုနှစ်ထုတ် Hit သီချင်း “Loser” ပဲ ဖြစ်ပါတယ်။

Zayn Malik ရဲ့ Spotify playlist မှာ BIGBANG အဖွဲ့ရဲ့ “Loser” သီချင်းကို မြင်ပြီးနောက်မှာ ပရိသတ်တွေက “အနုပညာသမားတွေအနေနဲ့ ပါရမီရှင်တွေကို ရွေးချယ်တတ်တာ မဆန်းပါဘူး” “BIGBANG က K-Pop အတွက် တံခါးဖွင့်ခဲ့သူတွေပါ” “Zayn ဂီတနဲ့ ပတ်သက်ပြီး သိတတ်လိုက်တာ” စတဲ့ မှတ်ချက်ပေါင်းစွာကို ရေးသားခဲ့ကြပါတယ်။

Ref: AKP

 

-Zawgyi

■ Zayn Malik နားေထာင္တဲ့ တစ္ခုတည္းေသာ K-Pop အဖဲြ႕

— – – ကမၻာေက်ာ္ One Direction အဖဲြ႕၀င္ေဟာင္း Zayn Malik နားေထာင္ေလ့ရွိတဲ့ K-Pop သီခ်င္းကေတာ့ …

Zayn Malik ဟာ ကမၻာေက်ာ္ အမ်ဳိးသားအဆုိေတာ္အဖဲြ႕ One Direction ရဲ႕ အဖဲြ႕၀င္ေဟာင္းတစ္ဦးျဖစ္သလုိ၊ လက္ရွိမွာ တစ္ကုိယ္ေတာ္အဆုိေတာ္အျဖစ္ ေအာင္ျမင္စြာ ျဖတ္သန္းေနသူလည္း ျဖစ္ပါတယ္။

Zayn Malik ဟာ သိပ္မၾကာခင္က သူ႕ရဲ႕ Playstation’s “Pop and Play” Spotify playlist ကုိ ပရိသတ္ေတြထံ ျပသခဲ့ၿပီး သူ နားေထာင္တဲ့ သီခ်င္း (၂၅)ပုဒ္မွာ Jhené Aiko, JoJo, Jazmine Sullivan, Chloe x Halle, Victoria Monét နဲ႔ သူ႕ရဲ႕ သီခ်င္းေတြပါ ပါ၀င္ပါတယ္။

အဲဒီမွာ ထူးျခားတာက Zayn Malik ရဲ႕ Spotify playlist မွာ K-Pop သီခ်င္းတစ္ပုဒ္ ပါ၀င္ေနတာျဖစ္ၿပီး အဲဒီအခ်က္က K-Pop ပရိသတ္ေတြအၾကား အေတာ္ေလးကုိ ဟုိးေလးတစ္ေက်ာ္ျဖစ္ခဲ့တာပါ။

Zayn Malik ရဲ႕ Spotify playlist မွာ K-Pop သီခ်င္းကေတာ့ တျခားသီခ်င္းမဟုတ္ပါဘူး။ King of K-Pop လုိ႔ တင္စားၾကတဲ့ BIGBANG အဖဲြ႕ရဲ႕ ၂၀၁၅ ခုႏွစ္ထုတ္ Hit သီခ်င္း “Loser” ပဲ ျဖစ္ပါတယ္။

Zayn Malik ရဲ႕ Spotify playlist မွာ BIGBANG အဖဲြ႕ရဲ႕ “Loser” သီခ်င္းကုိ ျမင္ၿပီးေနာက္မွာ ပရိသတ္ေတြက “အႏုပညာသမားေတြအေနနဲ႔ ပါရမီရွင္ေတြကုိ ေရြးခ်ယ္တတ္တာ မဆန္းပါဘူး” “BIGBANG က K-Pop အတြက္ တံခါးဖြင့္ခဲ့သူေတြပါ” “Zayn ဂီတနဲ႔ ပတ္သက္ၿပီး သိတတ္လုိက္တာ” စတဲ့ မွတ္ခ်က္ေပါင္းစြာကုိ ေရးသားခဲ့ၾကပါတယ္။

Ref: AKP

You cannot copy content of this page