K pop

■ ၂၀၂၁ မှာ ခေတ်စားတဲ့ “Ending Fairy Message” ကို ဘယ်သူစခဲ့သလဲ ?

— – – လက်ရှိ K-Pop မှာ ခေတ်စားနေတဲ့ အဓိကအရာတော်တော်များများဟာ သူ့ကြောင့် …

၂၀၂၁ ခုနှစ်မှာ Music Show ဖျော်ဖြေမှုတွေက Idol အဖွဲ့တွေရဲ့ ဖျော်ဖြေမှုတွေ မပြီးဆုံးခင် ပရိသတ်တွေကို နှုတ်ဆက်တဲ့ “Ending Fairy Message” တွေက ကျော်ကြားလာခဲ့တာပါ။

Performance ပြီးခါနီးမှာ စာရွက်တွေပေါ်မှာ Idol တွေက သူတို့ပရိသတ်တွေကို ပေးချင်တဲ့ မက်ဆေ့ချ်တွေကို ရေးပြီး ထောင်ပြတဲ့ “Ending Fairy Message” တွေက ဘယ်က စပါသလဲ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး K-Pop ပရိသတ်တွေ အချက်အလက်တွေကို ရှာဖွေခဲ့ပြီးနောက်မှာတော့ ပထမဆုံး စလုပ်ခဲ့သူကို တွေ့ခဲ့ကြပါတယ်။ ထုံးစံအတိုင်း K-Pop နဲ့ပတ်သက်ရင် ပထမဆုံးအရာတွေကို စတင်လုပ်ဆောင်လေ့ရှိတဲ့ BIGBANG အဖွဲ့ခေါင်းဆောင် G-Dragon ပါပဲ။

G-Dragon ဟာ အခု ၂၀၂၁ မှာ ခေတ်စားနေတဲ့ “Ending Fairy Message” ကို ၂၀၀၉ ခုနှစ်ကတည်းက သူ့ရဲ့ဖျော်ဖြေမှုတွေမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီအချက်ကို မြင်တွေ့ပြီးနောက်မှာတော့ K-Pop စခြင်းတွေဟာ G-Dragon ကြောင့်ပါလို့ ပရိသတ်တွေက မှတ်ချက်ပြုခဲ့ကြပါတယ်။

“သူက ခေတ်ကို ရှေ့ကကို ပြေးနေခဲ့တာ” “The trendsetter ပါပဲ ကြက်သီးတောင် ထတယ်” “Light stick ကစလို့ Ending fairy အဆုံး ပထမဆုံးအရာတွေက G-Dragon က စတာကို” “GD သာလျှင် အစရှိတယ်”စတဲ့ မှတ်ချက်ပေါင်း များစွာကို ရေးသားခဲ့ကြပါတယ်။

G-Dragon ဟာ K-Pop မှာ Light stick ကို ထီထွင်သူ၊ Idol တွေထဲမှာ သီချင်းရေးသားခြင်းနဲ့ ပတ်သက်ပြီး ပထမဆုံးကျော်ကြားသူ၊ ဖက်ရှင်နဲ့ပတ်သက်လို့ ပထမဆုံးသံတမန်အဖြစ် ခန့်အပ်ခံရတဲ့ ကိုရီးယားအနုပညာရှင်၊ Paris Fashion Show ကို တက်ရောက်ခွင့်ရတဲ့ ပထမဆုံးကိုရီးယားအနုပညာရှင်အပါအဝင် ဂုဏ်ပုဒ်ပေါင်းများစွာကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။

Ref: AKP

 

-Zawgyi

■ ၂၀၂၁ မှာ ခေတ်စားနေတဲ့ “Ending Fairy Message” ကို ဘယ်သူစခဲ့သလဲ ?



Performance ပြီးခါနီးမှာ စာရွက်တွေပေါ်မှာ Idol တွေက သူတို့ပရိသတ်တွေကို ပေးချင်တဲ့ မက်ဆေ့ခ်ျတွေကို ရေးပြီး ထောင်ပြတဲ့ “Ending Fairy Message” တွေက ဘယ်က စပါသလဲ။





Ref: AKP

You cannot copy content of this page