— – – ရရှိထားတဲ့ ပါဝါကို အလွဲသုံးစားမလုပ်ဘဲ ပင်ပန်းခက်ခဲလှတဲ့ Idol တွေရဲ့ …
K-Pop ကို စိတ်ဝင်တစား လေ့လာသူတိုင်း Idol တွေရဲ့ အခက်အခဲတွေနဲ့ အေဂျင်စီတွေရဲ့ Idol တွေအပေါ် ညစ်ပတ်မှုတွေကို အတန်အသင့်တော့ ကြားဖူးကြမယ် ထင်ပါတယ်။
တက်သစ်စ Idol တွေကို စာချုပ်တွေ ကိုင်ပေါက်ပြီး မတရားလုပ်ခိုင်းတာမျိုးတွေ၊ ၁၈+ ကားတွေ အတင်းရိုက်ခိုင်းတာမျိုးတွေအပြင် အဲဒီထက်ပိုညစ်ပတ်ပြီး အထူးသဖြင့် အမျိုးသမီး Idol တွေအပေါ် မတရားကျူးလွန်တာတွေပါ ရှိနေတာပါ။
အဲဒီအကြောင်းအရာတွေနဲ့ပတ်သက်လို့ ဆင်ခြင်ကြဖို့ BTS အဖွဲ့ဝင် Suga က အင်တာဗျူးတစ်ခုမှာ K-Pop အေဂျင်စီတွေကို သတိပေးခဲ့တာ ဖြစ်ပါတယ်။
သူက “အေဂျင်စီတွေနဲ့ Idol တွေ တိုင်ပင်ပြီး လုပ်သင့်ပါတယ်။ ဘယ်အရာမှာမဆို ဇွတ်လုပ်လို့ မရပါဘူး။ အလုပ်တစ်ခု ဖြစ်ဖြစ် ပရိုမိုးရှင်းတွေ လုပ်တဲ့အခါပဲဖြစ်ဖြစ် Idol တွေရဲ့ ခန္ဓာကိုယ် ခံနိုင်ရည်ကို ထည့်တွက်ဖို့ လိုပါတယ်။ Idol အဖွဲ့ တစ်ဖွဲ့ ပွဲထွက်ပြီးနောက်မှာ ပရိုမိုးရှင်းလုပ်တာတွေက အရမ်းကို များလွန်းပြီး ဒါဟာ အဖွဲ့သစ်တွေအတွက် တကယ်ကို ခက်ခဲစေပါတယ်။
အေဂျင်စီတွေအနေနဲ့ သူတို့ ရင်းနှီးထားရတာတွေ များတာကြောင့် Idol တွေဆီက ပြန်လိုချင်တာကို သိပါတယ်။ ဒါပေမဲ့ အေဂျင်စီတွေအနေနဲ့ အနုပညာသမားဘက်ကိုလည်း ကြည့်ဖို့ လိုပါတယ်။ ဒီကလေးတွေကို ငါတို့ မြေတောင်မြှောက်ပေးထားတာ ငါတို့ ခိုင်းသလို သူတို့ လုပ်ရမယ်ဆိုတာမျိုးက အဓိပ္ပာယ်မရှိဘူးလို့ ကျွန်တော် ထင်ပါတယ်”လို့ ဆိုပါတယ်။
ဒါ့ပြင် အေဂျင်စီတွေအနေနဲ့ Idol တွေကို အနုပညာဖန်တီးမှုတွေနဲ့ ပတ်သက်ပြီး ဖိအားပေးတာ၊ တွန်းအားပေးတာမျိုးတွေ ကလည်း တော်တော်လေးဆိုးရွားတဲ့ အရာမျိုးဖြစ်ပြီး အနုပညာဆိုတာ တွန်းအားပေးရုံနဲ့ ရတာမျိုးမဟုတ်ဘဲ ဖန်တီးမှုကသာ အဓိကကျတယ်လို့လည်း Suga က ဆိုပါတယ်။
Source: Weverse Magazine
-Zawgyi
■ K-Pop Idol ေတြအေပၚ မညစ္ပတ္ဖုိ႔ ေအဂ်င္စီေတြကုိ သတိေပးခဲ့တဲ့ BTS အဖဲြ႕၀င္
— – – ရရွိထားတဲ့ ပါ၀ါကုိ အလဲြသုံးစားမလုပ္ဘဲ ပင္ပန္းခက္ခဲလွတဲ့ Idol ေတြရဲ႕ …
K-Pop ကုိ စိတ္၀င္တစား ေလ့လာသူတုိင္း Idol ေတြရဲ႕ အခက္အခဲေတြနဲ႔ ေအဂ်င္စီေတြရဲ႕ Idol ေတြအေပၚ ညစ္ပတ္မႈေတြကုိ အတန္အသင့္ေတာ့ ၾကားဖူးၾကမယ္ ထင္ပါတယ္။
တက္သစ္စ Idol ေတြကုိ စာခ်ဳပ္ေတြ ကိုင္ေပါက္ၿပီး မတရားလုပ္ခုိင္းတာမ်ဳိးေတြ၊ ၁၈+ ကားေတြ အတင္း႐ုိက္ခုိင္းတာမ်ဳိးေတြအျပင္ အဲဒီထက္ပုိညစ္ပတ္ၿပီး အထူးသျဖင့္ အမ်ဳိးသမီး Idol ေတြအေပၚ မတရားက်ဴးလြန္တာေတြပါ ရွိေနတာပါ။
အဲဒီအေၾကာင္းအရာေတြနဲ႔ပတ္သက္လုိ႔ ဆင္ျခင္ၾကဖုိ႔ BTS အဖဲြ႕၀င္ Suga က အင္တာဗ်ဴးတစ္ခုမွာ K-Pop ေအဂ်င္စီေတြကုိ သတိေပးခဲ့တာ ျဖစ္ပါတယ္။
သူက “ေအဂ်င္စီေတြနဲ႔ Idol ေတြ တုိင္ပင္ၿပီး လုပ္သင့္ပါတယ္။ ဘယ္အရာမွာမဆုိ ဇြတ္လုပ္လုိ႔ မရပါဘူး။ အလုပ္တစ္ခု ျဖစ္ျဖစ္ ပ႐ုိမုိးရွင္းေတြ လုပ္တဲ့အခါပဲျဖစ္ျဖစ္ Idol ေတြရဲ႕ ခႏၶာကုိယ္ ခံႏုိင္ရည္ကုိ ထည့္တြက္ဖုိ႔ လုိပါတယ္။ Idol အဖဲြ႕ တစ္ဖဲြ႕ ပဲြထြက္ၿပီးေနာက္မွာ ပ႐ုိမုိးရွင္းလုပ္တာေတြက အရမ္းကုိ မ်ားလြန္းၿပီး ဒါဟာ အဖဲြ႕သစ္ေတြအတြက္ တကယ္ကုိ ခက္ခဲေစပါတယ္။
ေအဂ်င္စီေတြအေနနဲ႔ သူတုိ႔ ရင္းႏွီးထားရတာေတြ မ်ားတာေၾကာင့္ Idol ေတြဆီက ျပန္လုိခ်င္တာကုိ သိပါတယ္။ ဒါေပမဲ့ ေအဂ်င္စီေတြအေနနဲ႔ အႏုပညာသမားဘက္ကုိလည္း ၾကည့္ဖုိ႔ လုိပါတယ္။ ဒီကေလးေတြကုိ ငါတုိ႔ ေျမေတာင္ေျမႇာက္ေပးထားတာ ငါတုိ႔ ခုိင္းသလုိ သူတုိ႔ လုပ္ရမယ္ဆုိတာမ်ဳိးက အဓိပၸာယ္မရွိဘူးလုိ႔ ကၽြန္ေတာ္ ထင္ပါတယ္”လုိ႔ ဆုိပါတယ္။
ဒါ့ျပင္ ေအဂ်င္စီေတြအေနနဲ႔ Idol ေတြကုိ အႏုပညာဖန္တီးမႈေတြနဲ႔ ပတ္သက္ၿပီး ဖိအားေပးတာ၊ တြန္းအားေပးတာမ်ဳိးေတြ ကလည္း ေတာ္ေတာ္ေလးဆုိးရြားတဲ့ အရာမ်ဳိးျဖစ္ၿပီး အႏုပညာဆုိတာ တြန္းအားေပး႐ုံနဲ႔ ရတာမ်ဳိးမဟုတ္ဘဲ ဖန္တီးမႈကသာ အဓိကက်တယ္လုိ႔လည္း Suga က ဆုိပါတယ္။
Source: Weverse Magazine