K pop

■ Jungkook နဲ့ Jimin တို့ ပွဲထွက်ဖို့ နီးစပ်ခဲ့တဲ့ တခြား Stage Name များ

– — Jungkook နဲ့ Jimin ဟာ အစောပိုင်းတုန်းက တခြား Stgae Name တွေနဲ့….

BTS အဖွဲ့ဝင်အတွေအနေနဲ့ အစောပိုင်းကာလတွေတုန်းက လက်ရှိနာမည်နဲ့ မဟုတ်ဘဲ တခြား Stage Name တွေနဲ့ ပွဲထွက်ဖို့ နီးစပ်ခဲ့သေးတာပါ။

ဒီအထဲကမှ Jungkook နဲ့ Jimin ုတို့ရဲ့ Stage Name တွေက စိတ်ဝင်စားဖွယ် ကောင်းတာကို တွေ့ရမှာ ဖြစ်ပါတယ်။ JTBC ရဲ့ Knowing Bros အပိုင်းတစ်ပိုင်းမှာ Jungkook က သူ့ရဲ့ တခြား Stage Name တွေအကြောင်း ဖွင့်ဟခဲ့ပါတယ်။

သူက ဘူဆန်ကလာတဲ့အတွက် seagull အမည်ကို မှည်ဖို့ စဉ်းစားခဲ့သေးကြောင်း၊ Tattoo၊ Ian တို့လိုအမည်တွေနဲ့လည်း ပွဲထွက်ဖို့ နီးစပ်ခဲ့သေးကြောင်း Jungkook က ဖွင့်ဟခဲ့တာပါ။

Jimin ရဲ့ တခြား Stage Name တွေကလည်း စိတ်ဝင်စားစရာပါပဲ။ Jimin က သူ့အနေနဲ့ Baby J အမည်နဲ့ ပွဲထွက်ဖို့ နီးစပ်ခဲ့ကြောင်း၊ ဒါပမေဲ့ ပြန်စဉ်းစားကြည့်ရင် သူ့ကိုယ်သူ Baby J လို့ နှုတ်ဆက်ရမှာက တစ်မျိုးကြီး ခံစားရကြောင်း၊ ဒါကြောင့် အမည်းရင်းနဲ့ပဲ ပွဲထွက်ဖို့ ဆံးုဖြတ်ခဲ့ကြောင်း ဆိုခဲ့ပါတယ်။

ဒါ့အပြင် Jimin ဟာ Baby G ဆိုတဲ့ Stage Name ကိုလည်း စဉ်းစားခဲ့ ပါသေးတယ်။

-Ref: Koreaboo

You cannot copy content of this page