– – -EXO ရဲ့ ဒီသီချင်းကြောင့် SM ဟာ အကျိုများစွာ ဖြစ်ထွန်းခဲ့ပြီး…
K-pop နယ်ပယ်ထဲမှာ EXO ရဲ့အောင်မြင်မှုကလည်း အလွန်ကြီးမားခဲ့တာ ဖြစ်ပါတယ်။
K-pop ကို ပရိုမိုးရှင်းဆင်းပေးတဲ့အခါ EXO က လည်း အပါအဝင်ဖြစ်ပြီး တစ်ခေတ်တစ်ခါက EXO ရဲ့ အရှိန်အဝါ၊ အောင်မြင်မှုကလည်း တော်တော်လေး ဟုမ်းဟုမ်းတောက်ခဲ့တဲ့အထိပါ။
Happy Together 4 ရဲ့အပိုင်းတစ်ပိုင်းမှာတော့ Key က SM Entertainment ကို အကျိုးဖြစ်ပွားစေခဲ့တဲ့ EXO ရဲ့ သီချင်းတစ်ပုဒ်ကို ဖွင့်ဟခဲ့ပါတယ်။ ဒီသီချင်းကတော့ တခြားမဟုတ်ဘဲ EXO ရဲ့ နာမည်ကျော်သီချင်း Growl ပဲ ဖြစ်ပါတယ်။
“တကယ်လို့ SM သာ အလယ်အလတ်တန်းစားကုမ္ပဏီဆိုရင် EXO က ဒါရိုက်တာတွေတောင် ဖြစ်မှာပါ”လို့ Key က ဖွင့်ဟခဲ့ပါတယ်။
ဒါကြောင့် EXO အဖွဲရဲ့ အောင်မြင်မှုကတော့ အံ့မခန်းပဲလို့ ဆိုရမှာပါ။