— – – Jungkook ဆီက မွေးနေ့လက်ဆောင်ရဖူးတာ သူတစ်ဦးတည်းသာ ရှိပြီး တခြားအဖွဲ့ဝင်တွေကတော့ ဒီအကြောင်းနဲ့ ပတ်သက်ပြီး သိပ်ကျေနပ်ပုံမပေါ် …
BTS အဖွဲ့ရဲ့ Live အင်တာဗျူးတစ်ခုမှာ ဒီအကြောင်းအရာကို BTS အဖွဲ့ဝင်တွေ ကိုယ်တိုင် ဖွင့်ပြောခဲ့ကြတာဖြစ်ပါတယ်။ BTS အဖွဲ့ရဲ့ အငယ်ဆုံးလေး Jungkook ဟာ အစ်ကိုတွေကို သူတို့ရဲ့ မွေးနေ့မှာ လက်ဆောင်ပေးဖူးတာ တစ်ခါမှ မဆိုဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ တစ်ယောက်ကလွဲလို့ပေါ့ …
အဲဒီ Live အင်တာဗျူးမှာ Jimin က “Jungkook ဟာ BTS အဖွဲ့ဝင်တွေရဲ့ မွေးနေ့တွေမှာ တစ်ခါမှ လက်ဆောင်ပေးလေ့ မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော့်ကိုတော့ မွေးနေ့လက်ဆောင် တစ်ခါပေးဖူးတယ်”လို့ ဆိုခဲ့တာပါ။
RM က BTS အဖွဲ့ဝင်တွေဟာ မွေးနေ့တွေမှာ တစ်ဦးကို တစ်ဦး လက်ဆောင်ပေးတဲ့ အစဉ်အလာမျိုး မရှိဘူးလို့ ဆိုပါတယ်။ ဒါဆို Jungkook က “ဘာလို့ BTS အဖွဲ့မှာ Jimin တစ်ယောက်တည်းကိုပဲ မွေးနေ့လက်ဆောင်ပေးရတာလဲ”လို့ RM က မေးခွန်းထုတ်ခဲ့ပြီး ဒါဟာ BTS အဖွဲ့ဝင်တွေအားလုံး သိချင်တဲ့ မေးခွန်းလည်းဖြစ်ပါတယ်။
ဒါပေမဲ့ Jungkook က ဘာမှမပြောဘဲ ငြိမ်နေခဲ့ပြီး J-Hope က Jimin ကို Jungkook မွေးနေ့လက်ဆောင်ပေးတဲ့ အချိန်မှာ သူ ရှိနေတယ်လို့ ဆိုခဲ့ပါတယ်။
J-Hope တစ်ယောက်လည်း မဟုတ်ပါဘူး။ အဲဒီအချိန်မှာ V နဲ့ Jin တို့ကပါ သူတို့လည်း ရှိနေခဲ့ကြောင်း ပြောဆိုခဲ့ကြတာပါ။
အဲဒီကိစ္စအပေါ် RM နဲ့ J-Hope တို့က အံ့သြခဲ့ကြပြီး Jin ကတော့ Jungkook ဟာ တခြားသူတွေကို ဂရုစိုက်တတ်လာတာ ကောင်းတယ်ဆိုတယ်လို့ ဆိုခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီနောက်မှာ Jungkook ဟာ ဘယ်သူ့ကိုမှ မွေးနေ့လက်ဆောင်ပေးခြင်း မရှိတော့ဘူးလို့လည်း ဆိုပါတယ်။ ဒီကိစ္စကို Jungkook ဖြေရှင်းမှ အဖြေပေါ်မှာဖြစ်ပြီး သူက တစ်ခွန်းမှ မဟခဲ့တာကြောင့် ARMY တွေအတွက် ပဟေဠိတစ်ခု ဖြစ်ခဲ့ပါတယ်။