K pop

■ အခက်အခဲတွေကြောင့် အဖွဲ့ဖျက်လုနီးပါးဖြစ်ခဲ့တဲ့ ထိတ်ထိတ်ကြဲ K-pop အဖွဲ့ (၄)ဖွဲ့

— – – King of K-pop ဖြစ်တဲ့ BIGBANG နဲ့ လက်ရှိ ကမ္ဘာကျော် BTS အဖွဲ့တို့ဟာ ဖျက်သိမ်းလုနီးပါး ဖြစ်ခဲ့တာကို သိပါသလား ? သူတို့အဖွဲ့တွေ ဘာကြောင့် ဖျက်သိမ်းလုနီးပါး ဖြစ်ခဲ့သလဲဆိုတာ အဖြေက…

K-pop အဖွဲ့တွေဟာ ဖိအားတွေ၊ အခက်အခဲတွေကို အရမ်းရင်ဆိုင်ရလေ့ရှိပါတယ်။ တချို့အဖွဲ့တွေဟာ အခက်အခဲတွေကြောင့် ဖျက်သိမ်းသွားတာတွေ ရှိပြီး BIGBANG, BTS, EXID နဲ့ NU’EST အဖွဲ့တွေဟာ ဖျက်သိမ်းလုနီးပါဖြစ်ခဲ့တာပါ။ သူတို့အဖွဲ့တွေ ဘာအခက်အခဲတွေနဲ့ ရင်ဆိုင်ရလို့ ဖျက်သိမ်းလုနီးပါးအထိ ဖြစ်ခဲ့တယ်ဆိုတာကို ဒီမှာ ခံစားရမှာ ဖြစ်ပါတယ်။

BIGBANG


ပွဲထွက်ပြီး (၅)နှစ်ကြာတဲ့နောက်မှာ BIGBANG အဖွဲ့ဟာ ဖျက်သိမ်းလုနီးပါး ဖြစ်ခဲ့တာပါ။ ပြီးတော့ ၂၀၁၁ က BIGBANG အဖွဲ့ဝင်တွေ ပြဿနာများစွာနဲ့ ရင်ဆိုင်ရတဲ့ ကာလဖြစ်တယ်။ Daesung ယာဉ်မတော်တဆမှု ဖြစ်တယ်။ အမှုပြီးတဲ့နောက်မှာ Daesung ဟာ အနုပညာလှုပ်ရှားမှုတွေ နားခဲ့တယ်။ ပြီးတော့ အဲဒီနှစ်မှာ G-Dragon လည်း စွပ်စွဲမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ယနေ့တိုင် ဝေဖန်ခံနေရဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ BIGBANG ဟာ အဲဒီနောက်ပိုင်းမှာ တွဲလက်ပိုခိုင်မာခဲ့ပြီး ဆက်လက်အောင်မြင်ခဲ့ပါတယ်။

NU’EST


အဖွဲ့ဝင်တွေ Produce 101 Season 2 မှာ ယှဉ်ပြိုင်ခြင်းမပြုခင် NU’EST အဖွဲ့ဟာ ဖျက်သိမ်းလုနီးပါး အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ဒါပေမဲ့ ကံကောင်းတာက အဲဒီပြိုင်ပွဲမှာ ပါဝင်ပြီးနောက်ပိုင်း NU’EST အဖွဲ့ဝင်တွေဟာ ပိုမိုကျော်ကြားလာပြီး NU’EST အဖွဲ့ ရှေ့ဆက်ဖို့ အခြေအနေပေးခဲ့ပါတယ်။ ဒါက သူတို့အဖွဲ့ကို ကယ်တင်ခဲ့တာလို့ ဆိုရမှာ ဖြစ်ပါတယ်။

BTS


2018 MAMA မှာ BTS အဖွဲ့ဆုရတော့ Jin က သူတို့အဖွဲ့ ခက်ခဲလွန်းလို့ ဖျက်သိမ်းဖို့ တိုင်ပင်ခဲ့ကြောင်း ပြောဆိုခဲ့လို့ ပရိသတ်တွေအားလုံး အံ့အားသင့်ခဲ့ရပါတယ်။ Jin က “၂၀၁၈ နှစ်စပိုင်းဟာ ကျွန်တော်တို့အတွက် အရမ်းခက်ခဲခဲ့ပြီး ဒီအလုပ်ကို ဆက်လုပ်လို့ ဖြစ်ပါ့မလားလို့တောင် သံသယဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ကံကောင်ထောက်မပြီး ကျွန်တော်တို့ အားလုံး ရှေ့ဆက်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အဲဒီလို ဆုံးဖြတ်ခဲ့လို့ တော်သေးတာပေါ့”ဆိုပြီး ပြောဆိုခဲ့တာပါ။

EXID


Hani ရဲ့ “Up & Down” fancam သာ မကယ်တင်ခဲ့ရင် EXID အဖွဲ့ ဖျက်သိမ်းရဖို့ သေချာပါတယ်။ ပွဲထွက်ကတည်းက မအောင်မြင်တာကြောင့် EXID အဖွဲ့ဟာ နောက်ဆုံးအနေနဲ့ Up & Down သီချင်းကို ထုတ်လုပ်ခဲ့တာပါ။ အဲဒီသီချင်းကို ဖျော်ဖြေတဲ့အခါ Hani ရဲ့ Fancam တစ်ခုက အရမ်းပေါက်သွားခဲ့ပြီး ဒါက EXID အဖွဲ့ကို ရှေ့ဆက်ဖို့ ဖြစ်စေခဲ့တာလို့ ဆိုပါတယ်။

— ဃဲ
Ref: Koreaboo

You cannot copy content of this page