— Billboard HOT 100 မှာ သမိုင်းဝင်တယ်…နောက်တော့ သမိုင်းဝင်မှာပါ လွန်သွားခဲ့တယ်…
အခုလည်း BTS အဖွဲ့ရဲ့ “Butter” သီချင်းဟာ Billboard HOT 100 မှာ 10 ပတ်မြောက် 1# ရပ်တည် ပြီးနောက် နောက်ထပ်ဘာစံချိန်သစ်တင်ခဲ့သလဲဆိုတာကို သိချင်မယ်ထင်ပါတယ်။
BTS အဖွဲ့ရဲ့ “Butter” သီချင်းဟာ Billboard HOT 100 မှာ 10 ပတ်မြောက် 1# ရပ်တည် ပြီးနောက် 2021 ခုနှစ်အတွင်း အချိန်အကြာဆုံး #1 ရပ်တည်နိုင်တဲ့ အနုပညာရှင်တွေအဖြစ် စံချိန်သစ်တင်ခဲ့တာ ဖြစ်ပါတယ်။
BTS ရဲ့ ဒီစံချိန်မတိုင်ခင် Olivia Rodrigo ရဲ့ “Drivers License.” သီချင်းက 8 ပတ် မြောက်နဲ့ အချိန်ကြာဆုံး #1 မှာရပ်တည်နိုင်တဲ့ စံချိန်ကို တင်ထားတာဖြစ်ပြီး BTS က စံချိန်ကျော်ဖြတ် ခဲ့တာပါ။
Billboard ရဲ့ ဒီတစ်ပတ်ဖော်ပြချက်အရ “ YBE/BigHit Music/Columbia Records က ထုတ်လွှင့်တဲ့ Butter သီချင်းဟာ ဇူလိုင်လ 29 ရက်သတ္တပတ်အဆုံးမှာ ရေဒီယိုနားဆင်သူ ပရိသတ် Impression 30.5 သန်း၊ U.S မှာ Stream 8.1 သန်း ရရှိခဲ့ပါတယ်” လို့ သိရပါတယ်။
ပြီးခဲ့တဲ့ တစ်ပါတ်ကျော်က Butter ရဲ့ နံပါတ် 1 နေရာကို သူတို့ရဲ့နောက်ဆုံးထွက် “Permission to Dance,” က ပထမဆုံးအကြိမ် Debut 1# ဖြစ်ခဲ့ပေမယ့် ပြီးခဲ့တဲ့အပတ်နဲ့ ဒီတစ်ပတ်မှာတော့ Butter က 1# နေရာကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။
BTS အဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်က Dynamite သီချင်းနဲ့ Billboard HOT 100 မှာ သမိုင်းဝင် #1 ရပ်တည် ပြီးနောက် နောက်ဆုံးထွက်သီချင်းတွေနဲ့ အခုအချိန်အထိ 16 ကြိမ်တိုင် #1 ရပ်တည်နိုင်ခဲ့ပြီလည်းဖြစ် ပါတယ်။
-m2t
Ref: Allkpop