K pop

■ Jeon Somi နဲ့ အရင်းနှီးဆုံး TWICE အဖွဲ့ဝင် နှစ်ဦး

— Jeon Somi က ဒီ TWICE အဖွဲ့ဝင်နှစ်ဦးဟာ သူမနဲ့ အခုအချိန်အထိ အဆက်အသွယ်တွေရှိနေ ဆဲဖြစ်ပြီး သူမ ခက်ခဲခဲ့တဲ့အချိန်တွေမှာ သူတို့ဆီ အမြဲတမ်းဆက်သွယ်ခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

မကြာသေးခင်က Dumb Dumb နဲ့ Comeback လုပ်ထားတဲ့ တစ်ကိုယ်တော် အဆိုတော် Jeon Somi အနေနဲ့ Featuring ပါဝင်ထားတဲ့ ဗီဒီယိုတစ်ခုကို 1theK က YouTube မှာ တင်ခဲ့ပါတယ်။ အဲဒီဗီဒီယို ဖိုင်ထဲမှာ SIXTEEN Survial Show မှာ TWICE အဖွဲ့နဲ့အတူ ယှဉ်ပြိုင်ခဲ့တဲ့ Jeon Somi ရဲ့ အကြောင်း အချို့ပါ ပါဝင်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ ပြိုင်ပွဲမှာ Jeon Somi ဟာ TWICE အဖွဲ့ဝင်တွေနဲ့ ပြိုင်ပွဲအဆင့်ဆင့်များစွာယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံးပြိုင်ပွဲမှာ Tzuyu ရဲ့ Vote နည်းခဲ့လို့ Jeon Somi ပြုတ်ခဲ့တာလို့လည်း မှတ်ချက်ပြုခဲ့ပါ တယ်။ နောက်ပြီး အဲဒီဗီဒီယိုဖိုင်ထဲမှာ Jeon Somi ဟာ သူမဟာ TWICE အဖွဲ့ဝင်တွေနဲ့ ရင်းနှီးပြီး မကြာခဏ လျှောက်လည်ခဲ့ကြတယ်လို့လည်း ဆိုခဲ့ပါတယ်။

TWICE အဖွဲ့ဝင်တွေနဲ့ရှိရင် သူမဟာ စိတ်သက်သာမှုရှိသလို အဖွဲ့ဝင် နှစ်ဦးကိုလည်း သူမ ခက်ခဲတဲ့ အချိန်အတိုင်း ဖုန်းခေါ်လေ့ရှိခဲ့တယ်လို့ Somi က ဖွင့်ဟခဲ့ပါတယ်။ အဆိုပါ TWICE အဖွဲ့ဝင်နှစ်ဦးက တော့ Nayeon နဲ့ Chaeyoung တို့ဖြစ်ပါတယ်။ အထူးသဖြင့် Chaeyoung ဟာဆိုရင် Somi နဲ့ တော်တော်လေးရင်းနှီးခဲ့ပြီး ပြီးခဲ့တဲ့နှစ် Somi ရဲ့ Reality Show “I Am Somi,” မှာ ပါဝင်ခဲ့ဖူးသူဖြစ်ပါ တယ်။

-m2t
Ref: Kpopstarz

You cannot copy content of this page