—- ဒီ BTS အဖွဲ့ဝင်တစ်ဦးဟာ Solo Mixtape နဲ့ iTunes မှာ စံချိန်သစ်တစ်ခုကို စိုက်ထူခဲ့…
အဆိုပါ BTS အဖွဲ့ဝင်ကတော့ Solo Mixtape ‘Hope World’ ကို ထုတ်လွှင့်ထားခဲ့တဲ့ J-Hope ပဲ ဖြစ်ပါတယ်။ J-Hope ရဲ့ Solo Mixtape ‘Hope World’ ဟာ ကမ္ဘာအနှံ့နိုင်ငံ109 နိုင်ငံရဲ့ iTunes Chart မှာ #1 ရပ်တည်နိုင်ခဲ့ပြီး စံချိန်သစ်တင်ခဲ့တာဖြစ်ပါတယ်။
သြဂုတ်လ 3 ရက်နေ့က J-Hope ရဲ့ Solo Mixtape ‘Hope World’ ဟာ နီပေါနိုင်ငံရဲ့ iTunes Chart မှာ #1 ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ‘Hope World’ အနေနဲ့ ကမ္ဘာအနှံ့နိုင်ငံ109 နိုင်ငံရဲ့ iTunes Chart မှာ #1 ရပ်တည်နိုင်ခဲ့ပြီး Beyonce ရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ကာ စံချိန်သစ်တင်ခဲ့တာလည်း ဖြစ်ပါတယ်။
Beyonce ရဲ့ ‘Lemonade’ Album ဟာ ကမ္ဘာအနှံ့နိုင်ငံ108 နိုင်ငံရဲ့ iTunes Chart မှာ #1 ရပ်တည်နိုင်ခဲ့ပြီး စံချိန်တင်ထားတာဖြစ်ပြီး J-Hope က နိုင်ငံတစ်နိုင်ငံအသာနဲ့ စံချိန်သစ်တင်ခဲ့တာပါ။
J-Hope ကိုယ်တိုင်ရေးသား၊ Composer လုပ်၊ ထုတ်ဝေထားတဲ့ ‘Hope World’ ဟာ 2018 ခုနှစ် မတ်လက ထုတ်လွှင့်ခဲ့တာဖြစ်ပြီး အဲဒီကတည်းက Korean Solo Artist တစ်ဦးအနေနဲ့ စံချိန်တွေ များစွာစိုက်ထူခဲ့ပါတယ်။ နောက်ပြီး လက်ရှိအချိန်မှာလည်း J-Hope ဟာ Korea Music Copyright Association ရဲ့ တရားဝင်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး သူပိုင်ဆိုင်တဲ့ Copyright သီချင်းပေါင်း 112 ပုဒ်ရှိ တယ်လို့လည်း သိရပါတယ်။
-m2t
Ref: Allkpop