K pop

■ Jennie ရဲ့ Trainee ဘဝတုန်းက ဘယ်လောက်လေ့ကျင့်ခဲ့ရသလဲဆိုတာကို ထိုင်ဘလိန်းနေတဲ့သူတွေ သိရင်

— YG Entertainment မှာ Jennie တစ်ယောက် (၆)နှစ်တောင် ဒီလိုမျိုးတွေ အပင်ပန်းခံပြီး လေ့ကျင့်ခဲ့ရ တယ်ဆိုတာကို ထိုင်ဘလိန်းနေသူတွေ သိရင် …

Music ကောင်းတွေထွက်လေ့ရှိတဲ့ YG Entertainment ရဲ့ Artist တွေ ကို လေ့ကျင့်မှုနဲ့ပတ်သက်ပြီး အရင်က Jennie ပြောထားခဲ့တဲ့ အင်တာဗျူးဟာ Blink တွေကြားမှာ ပြန် လည်ရေပန်းစားလာခဲ့တာတွေ့ရပြီး ပရိသတ်တွေသိရှိစေဖို့ ဖော်ပြပေးလိုက်ပါတယ်။

Jennie ဟာ အဆိုပါအင်တာဗျူးမှာ YG Entertainment မှာ Trainee အဖြစ် ဘယ်လောက်ပင်ပင်ပန်းပန်း လေ့ကျင့်ခဲ့ရသလဲဆိုတာကို ဖောက်သည်ချခဲ့တာဖြစ်ပါတယ်။

“ ကျွန်မတို့ဟာ Trainee ဘဝတုန်းက လတိုင်း CEO Yang Hyun Suk ဒါမှမဟုတ် YG ပရိုဂျူဆာတွေဆီကို အဆိုင်းမန့်တင်ပေးရပါတယ်။ ကျွန်မတို့ဟာ လတိုင်း Solo သီချင်းတစ်ပုဒ်၊ Group သီချင်းတစ်ပုဒ်၊ အကတစ် ပုဒ် လုပ်ခဲ့ရပါတယ်။ ဒီလို အဆိုင်းမန့်တွေတင်ပေးဖို့အတွက် ကျွန်မတို့ဟာ လေ့လာမှုတွေလည်းမျိုးစုံလုပ်ခဲ့ရ ပါတယ်။

ကျွန်မတို့ဘာသာ ကျွန်မတို့ အုပ်စုအဖွဲ့တွေလုပ်၊ သီချင်းတွေရွေးချယ်၊ အဖွဲ့ဝင်တွေတစ်ယောက်ချင်းစီ ဆိုရ မယ့် သီချင်းအပုဒ်တွေရွေးချယ်ပြီး သီချင်းအတွက် Choreography ကိုလည်း ရွေးချယ်ရပါတယ်။ နောက်တော့ လေ့ကျင့်မှုတွေပြုလုပ်သလို အဝတ်အစားတွေကိုလည်း ကိုယ့်ဘာကို ရွေးချယ်ရပါတယ်။

အဲဒါတွေအားလုံးအပြင်ကို Photo Shooting ၊ Vocal Review လုပ်တဲ့ ဗီဒီယို၊ အက ဗီဒီယိုတွေကိုလည်း ကိုယ့် ဘာကိုယ်ဖန်တီးခဲ့ရပါတယ်။ ဒီလိုမျိုးတွေကို ကျွန်မ (၆)နှစ်လုပ်ခဲ့တာဖြစ်ပါတယ်။ မလွယ်ကူလှပါဘူး။ အဲဒီတုန်း က အလွန်ပြိုင်ဆိုင်မှုပြင်းထန်ခဲ့တာပါ။ ကင်မရာတွေမပါဘဲ Survival Audition Show ကို ကျင်းပနေရသလိုပါ ပဲ။

ဒီလိုမျိုးတွေလေ့ကျင့်ခဲ့ရလို့လည်း အခု ကျွန်မတို့ရဲ့ BLACKPINK အဖွဲ့ဝင်တွေဟာ အချင်းချင်းတစ်ဦးအပေါ် တစ်ဦးနားလည်မှုအပြည့်နဲ့ တောင့်တင်းခိုင်မာနေလို့ဖြစ်ပါတယ်။ ကျွန်မတို့ Trainee ဘဝတုန်းက ခက်ခဲကြမ်း တမ်းမှုတွေနဲ့ အိပ်မက်တွေတည်ဆောက်ခဲ့ရတာဖြစ်ပါတယ်”

-m2t
Ref: SBSstar

 

You cannot copy content of this page