K pop

■ ပရိသတ်တွေ မလုပ်မိစေဖို့ အေဂျင်စီတွေ တားမြစ်ထားတဲ့အရာ (၄) ခု

– – – ပရိသတ်တွေရဲ့ ဒီလုပ်ရပ်နဲ့ ပတ်သက်ပြီး Idol တွေက ဆိုးဆိုးရွားရွား ခံစားရတာဖြစ်လို့ အေဂျင်စီတွေ တားမြစ်ထား….

Idol တွေရဲ့ ကားအနားနီးကပ်စွာလိုက်ခြင်း

ပရိသတ်တစ်ချို့ဟာ တစ်ခါတစ်လေ K-pop Idol တွေရဲ့ကားအနားကို နီးကပ်စွာ လိုက်ပါလေ့ ရှိပါတယ်။ ဒါက အန္တရာယ်များတဲ့လုပ်ရပ်ဖြစ်ပြီး နောက်ပိုင်းမှာ အေဂျင်စီတွေက အဲဒီလိုအပြုအမူမျိုး မလုပ်ဖို့ တားမြစ်လာကြပါတယ်။ တစ်ခါကCosmic Girls ရဲ့ ပရိသတ်တွေဟာ အဖွဲ့ဝင်တွေရဲ့ ကားအနားနီးကပ်စွာလိုက်ပြီး လက်ဆောင်တွေ အတင်းပေးခဲ့ပြီးနောက် Starship Entertainment က ဒီလုပ်ရပ်ကို တားမြစ်ခဲ့ပါတယ်။

ဓာတ်ပုံရိုက်ခြင်း

K-pop Idol တွေ Music Show ကို သွားတဲ့အခါ ဘေးနားမှာတန်းစီရပ်စောင့်နေတဲ့ ပရိသတ်ထုကြီးထံက ဖလက်မီးရောင်စုံတွေနဲ့ ဓာတ်ပုံတွေ ဝိုင်းရိုက်တာကလည်း အန္တရာယ်များတဲ့အခြေအနေပါ။ နောက်ပိုင်း အဲဒီလုပ်ရပ်ကိုပါ ပိတ်ပင်ထားမြစ်လာကြပါတယ်။

ပွေ့ဖက်ခြင်း

၂၀၁၉ ခုနှစ်မှာ JYP Entertainment က GOT7 ရဲ့ Fan Signs ပွဲအတွက် စည်းမျဉ်းတစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ ဒါကတော့ ပရိသတ်တွေအနေနဲ့ Idol တွေကို ပွေ့ဖက်ခြင်း မပြုလုပ်ရဘူးဆိုတာပါပဲ။ ဒီစည်းမျဉ်းကို ဖောက်ဖျက်သူတွေကို Blacklist စာရင်းထဲထည့်မယ်လို့လည်း JYP က ထုတ်ပြန်ခဲ့ပါတယ်။

Sasaeng fan

ဒါကတော့ Idol တွေ အဆိုးရွားဆုံးရင်ဆိုင်ရတဲ့အခြေအနေပါ။ အေဂျင်စီတွေက သူတို့ Idol အသီးသီးရဲ့ Sasaeng fan တွေကို စောင့်ကြည့်ပြီး Blacklist စာရင်းထဲ သွင်းတတ်ကြပါတယ်။
-Chi Ko

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page