K pop

■ Jessi ထားခဲ့တဲ့ ရည်းစားအရေအတွက်ကိုကြားပြီး စွံ့အသွားခဲ့ရတဲ့ Yoo Jae Suk

– – – Jessi ရဲ့ အဖြေကိုကြားပြီး You Jae Suk တစ်ယေက် ပွဲမကျနိုင်ဖြစ်ခဲ့ရကာ…..

tvN က ရဲ့ The Sixth Sense အစီအစဉ်ကတော့ ပရိသတ်တွေကြားမှာ ရေပန်းစားနေခဲ့ပြီ ဖြစ်ပါတယ်။ ပထမဆုံးအပိုင်းမှာ Jessi နဲ Yoo Jae Suk တို့ကြားကဖြစ်ရပ်က ပွဲကျစရာ ဖြစ်ခဲ့ရပါတယ်။

အဖွဲ့ဝင်တွေဟာ အသားကိုစားရဖို့ စောင့်ဆိုင်းနေစဉ် ဂိမ်းတစ်ခုကစားခဲ့ပါတယ်။ “ဘယ်သူက ရည်းစားအများဆုံး ထားခဲ့မယ်ထင်သလဲ”လို့ မေးမြန်းရာမှာတော့ Yoo Jae Suk က Jeon So Min ကိုရွေးခဲ့ပြီး Jeon So Min နဲ့ Oh Na Ra တို့နှစ်ယောက်စလုံးကတော့ Jessi ကို ရွေးခဲ့ပါတယ်။

အဲဒီမှာ သူမကို နှစ်ယောာက်စလုံးက ရွေးချယ်သွားခဲ့ပြီး Jessi တစ်ယောက် မခံမရပ်နိုင်ဖြစ်ကာ ဖွင့်ချလိုက်တဲ့စကားက အားလုံးကို အံ့အားသင့်ပြီး ပွဲကျစေခဲ့တာပါ။ “နေပါဦး..Unnie တို့။ ကျွန်မက ရည်းစား (၅) ယောက်ပဲ ထားခဲ့ဖူးတာပါ”လို့ Jessi က ဖွင့်ဟခဲ့တာပါ။

Jessi ရဲ့ ဖွင့်ဟစကားကိုကြားပြီး Yoo Jae Suk တစ်ယောက် စွံ့အသွားပြီး “Jessi ရေ..ဒါက TMI ပဲ”လို့ ပြောဆိုခဲ့ပါတယ်။ အဲဒီမှာ Jessi က “TMI မဟုတ်ပါဘူး။ အားလုံးကို နားလည်မှု မလွဲစေချင်ပါဘူး။ ကျွန်မ အဲဒီလိုမျိုး မဒိတ်ဘူးရှင့်”လို့ Jessi က ပြန်တုံ့ပြန်ခဲ့ပါတယ်။

-Chi Ko

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page