K pop

■ အချစ်ခံလူသားလို့ အခေါ်ခံဖို့ ထိုက်တန်ကြောင်း D.O. သက်သေပြထားတဲ့အရာများ

– – – D.O. ဟာ အချစ်ခံလူသားဆိုတာ ယုံမှားစရာ မရှိဘဲ လက်ခံကြမှာပါ။

EXO အဖွဲ့ဝင် D.O. ဟာ အရည်အချင်း ပြည့်ဝရုံသာမက သူ့ရဲ့ Visaul ဖြစ်လွန်းမှု၊ ချစ်စရာကောင်းတဲ့ အပြုအမူတွေကြောင့် တော်တော်များများရဲ့ ချစ်ခြင်းမေတ္တာကို ရရှိထားခဲ့တာပါ။ ဒါကြောင့် အခုအခါအမှာတော့ D.O. ကို ချစ်ကြကြောင်း ထုတ်ဖော်ပြသထားတဲ့ သူတွေအကြောင်း တင်ဆက်ပေးချင်ပါတယ်။

Chanyeol အမေ ရဲ့အချစ်တော်

D.O. ကို EXO အဖွဲ့ဝင် Chanyeol ရဲ့ အမေကအစ ချစ်တာပါ။ တစ်ခါ D.O.၊ Chanyeol နဲ့ Chanyeol အမေတို့ အစားသွားစားစဉ်အခါက Chanyeol ရဲ့အမေဖြစ်သူက D.O. ကိုဖက်ထားခဲ့တာကို တွေ့ရမှာပါ။

မင်းသားတွေနဲ့ ရင်းနှီးသူ

Idol တစ်ယောက်ဖြစ်တဲ့ D.O. ဟာ ရုပ်ရှင်မင်းသားတွေနဲ့လည်း ရင်းနှီးသူပါ။ ဒီအထဲကမှ Jo Jung-suk၊ Jo In Sung နဲ့ Kwang Soo တို့ဟာ D.O. နဲ့အလွန်ရင်းနှီးသူတွေဖြစ်ကြပါတယ်။

အားလုံးကို ဖမ်းစားနိုင်ခဲ့သူ

D.O. ဟာ သံစဉ်တွေနဲ့လည်း အနုပညာရှင်အချင်းချင်းကို ဖမ်းစားနိုင်သူပါ။ စစ်မှုမထမ်းဆောင်ခင် ထုတ်ဝေသွားခဲ့တဲ့ It’s Okay သီချင်းဟာ ပရိသတ်တွကိုသာ အနုပညာရှင်အချင်းချင်းကိုပါ ဖမ်းစားနိုင်ခဲ့တာပါ။ IU အပါအဝင် IZ*ONE အဖွဲ့ဝင် Hyewon၊ ZE:A အဖွဲ့ဝင် Kim Dongjun ၊ MONSTA X အဖွဲ့ဝင် Hyungwon တို့က D.O. ရဲ့ It’s Okay ကို နားထောင်ကြဖို့ အသီးသီး တိုက်တွန်းခဲ့ကြတာပါ။

-Chi Ko

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page