– – – Hyolyn တစ်ယောက် Collab တွဲအလုပ်ချင်ဆုံးကတော့ တခြားမဟုတ်ဘဲ……
Hyolyn က MBC ရဲ့ Kim Shin Young’s Hope Song At Noon မှာ ပါဝင်ခဲ့ပါတယ်။
အဲဒီရှိုးမှာ ပါဝင်သူ Kim Shin Young က IU က သူမရဲ့ အသံပါဝါကို ချီးကျူးခဲ့ကြောင်း ဖောက်သည်ချခဲ့ရာမှာတော့ Hyolyn တစ်ယောက် ပီတီဖြစ်ကာ ပျော်ရွှင်ခဲ့ရပါတယ်။ အဲဒီမှာ ပထမဆုံး Hyolyn က IU နဲ့ ပတ်သက်တဲ့အကြောင်းကို ဖွင့်ဟခဲ့ပါတယ်။
“ကျွန်မတို့က ကိုယ်လမ်းကြောင်းကိုယ် ထိုးဖောက်ခဲ့ရသူတွေပါ။ ကျွန်မတို့ လှုပ်ရှားမှုတွေလုပ်ရင်းဆုံရင် ဘယ်နေရာမှာပဲဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် နှုတ်ဆက်ကြလေ့ရှိပါတယ်။ ဒါပေမဲ့ အတူအလုပ်တွဲလုပ်ဖို့တော့ အခွင့်အရေးမရှိခဲ့ဘူး”လို့ Hyolyn က ဖွင့်ဟခဲ့ပါတယ်။
အဲဒီနောက် Hyolyn က သူမအနေနဲ့ IU နဲ့ အမှန်တကယ် Collab တွဲလုပ်ချင်ကြောင်း ဖွင့်ဟခဲ့ပါတယ်။ Hyolyn ရဲ့ ဖွင့်ဟစကားကိုကြားပြီးနောက် ပရိသတ်တွေကလည်း စိတ်လှုပ်ရှားခဲ့ကြပြီး သူမတို့နှစ်ယောက်ရဲ့ Collab ကို မြင်ရရင် လုံးဝမိုက်မယ်လို့ မှတ်ချက်ပြုခဲ့ကြပါတယ်။
Hyolyn တစ်ယောက် Collab တွဲအလုပ်ချင်ဆုံးကတော့ တခြားမဟုတ်ဘဲ Collab Queen လို့ တင်စားခံထားရတဲ့ IU ကိုယ်တိုင်ပါပဲ။
-Chi Ko
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *