K pop

■ NCT, TREASURE, aespa အပါအဝင် COVID-19 ဆေးစစ်မှု ခံယူထားရတဲ့ K-pop အဖွဲ့တွေရဲ့ အဖြေ ထွက်ပြီ

– – – UP10TION အဖွဲ့ဝင်တစ်ဦး COVID ကူးစက်ခဲ့လို့ နာမည်ကျော် K-pop အဖွဲ့တွေ အပါအဝင် အဖွဲ့တော်တော်များများ စစ်ဆေးမှု ခံယူခဲ့ရပြီး…..

MBC Music Core နဲ့ SBS Inkigayo တို့မှာ ပါဝင်ဖျော်ဖြေခဲ့ပြီးနောက် UP10TION အဖွဲ့ဝင် Bitto ဟာ COVID-19 ကုူးစက်ခံလိုက်ရတာပါ။

ဒါကြောင့် နိုဝင်ဘာ (၂၂) ရက်ကနေ (၂၉) ရက်နေ့အထိ အဲဒီ Show တွေမှာ ပါဝင်ခဲ့တဲ့ K-pop အဖွဲ့တွေအာလုံး ဆေးစစ်မှု ခံယူခဲ့ရပြီး အခုအခါမှာတော့ အဖွဲ့တော်တော်တော်များများရဲ့ အဖြေထွက်လာပြီ ဖြစ်ပါတယ်။

UP10TION’s Hwanhee, Kuhn, Sunyoul, Gyujin and Xiao

UP10TION ထဲမှာ သူတို့အားလုံးကတော့ Negative ဖြစ်ခဲ့ပြီး ကံမကောင်းစွာနဲ့ Kogyeol ကတော့ Positive ဖြစ်ခဲ့ပါတယ်။

APRIL’s Naeun

Inkigayo မှာ MC အဖြစ် ဆောင်ရွက်နေတဲ့ Naeun ကတော့ လက်ရှိမှာ သီးသန့်နေထိုင်လျက် ရှိနေပါတယ်။

IZ*ONE

IZ*ONE အဖွဲ့ဝင်တွေအားလုံးကလည်း Negative ပါ။ အထူးသဖြင့် Positive Case နဲ့ အနီးကပ်ထိတွေ့ခဲ့တဲ့ Minjoo လည်း Negative ပါပဲ။

TREASURE

TREASURE အဖွဲ့ဝင်တွေအားလုံးလည်း Negative ပါပဲ။

ဒါ့အပြင် Stray Kids,  AKMU, NCT, CNBLUE အဖွဲ့ဝင် Yonghwa တို့လည်း Negative ပြခဲ့ပြီး UP10TION အဖွဲ့နဲ့ ဆလွန်းအတူတူသွားခဲ့လို့ ပရိသတ်တွေ စိတ်ပူခဲ့ရတဲ့ aespa အဖွဲ့ဝင်တွေလည်း Negative လို့ သိရပါတယ်။

ဆက်လက်ပြီး ဆေးစစ်ချက်အဖြေစောင့်ဆိုင်းနေဆဲ Idol တွေလည်း အများအပြား ကျန်ရှိနေပါသေးတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန်

အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page