K pop

■ နောက်တစ်ပါတ်မှာသာ Billboard’s HOT 100 မှာ Butter #1 ချိတ်ရင် Elite Club Song တစ်ပုဒ်ဖြစ်မယ်

— တောင်ကိုရီးယားနိုင်ငံ ကောင်လေး 7 ဦးရဲ့ သီချင်းတစ်ပုဒ်ဟာ Maroon 5 ၊ Adele ၊ Pharrell Williams တို့နဲ့အတူ Billboard’s HOT 100 မှာ #1 ချိတ်နိုင်တဲ့ Elite Club Song တစ်ပုဒ်အဖြစ် မှတ် တမ်းဝင်ခံရမှာဖြစ်ပါတယ်။

ဒီတစ်ပါတ်မှာ BTS ရဲ့ Butter သီချင်းဟာ Billboard’s HOT 100 မှာ #1 မှာ 9 ပတ်မြောက် ရပ်တည် နိုင်ခဲ့ပြီး အခုနှစ်အတွင်း Olivia Rodrigo ရဲ့ “Drivers License.” သီချင်းက (၈)ပတ်မြောက်နဲ့ စံချိန်တင် ထားတာကျော်ဖြတ်ကာ စံချိန်သစ်တင်နိုင်ခဲ့တာ ARMY တွေ သိပါတယ်။

လာမယ့်အပတ်မှာသာ BTS ရဲ့ Butter သီချင်းဟာ Billboard’s HOT 100 မှာ #1 မှာ ဆက်လက်ရပ် တည်နိုင်ခဲ့မယ်ဆိုရင် သူတို့တွေဟာ အံ့အားသင့်ဖွယ်ခမ်းနားတဲ့ မှတ်တမ်းတစ်ခုကို ရခဲ့ဦးမှာဖြစ်ပါ တယ်။

အကြောင်းကတော့ Billboard’s HOT 100 မှာ 10 ပတ်မြောက်အထိ #1 ရပ်တည်နိုင်တဲ့ သီချင်းအ နည်းငယ်သာရှိပြီး အဲဒီလိုမှတ်တမ်းရှိတဲ့ သီချင်းတွေကိုလည်း Elite Club Songs တွေလို့ သမုတ်ကြ ပါတယ်။ Billboard’s HOT 100 မှာ 10 ပတ်မြောက်အထိ #1 ရပ်တည်နိုင်တဲ့ သီချင်းအချို့မှာ Adele ရဲ့ “Hello,” ၊ Pharrell Williams ရဲ့ “Happy,” ၊ Drake ရဲ့ “In My Feelings” ၊ Maroon 5 ရဲ့ “One More Night” ၊ Carly Rae Jepsen ရဲ့ “Call Maybe” နဲ့ Kesha ရဲ့ “TiK ToK” တို့ဖြစ်ပါတယ်။

တကယ်လို့ Butter သာ နောက်အပတ် Billboard’s HOT 100 မှာ #1 ရပ်တည်နိုင်ခဲ့ရင် 10 ပတ် မြောက်ရပ်တည်နိုင်တာဖြစ်ပြီး Butter ဟာလည်း Elite Club Song တစ်ပုဒ်ဖြစ်လာမှာပါ။ ARMY တွေအနေနဲ့ Butter ရဲ့ သတင်းကောင်းကို စောင့်မျှော်ရင်း ဂုဏ်ဆာလိုက်ကြရအောင်ပါ…

-m2t
Ref: Allkpop

You cannot copy content of this page