—- YG Entertainment အဖွဲ့ဟာ မကြာခင် အမျိုးသမီးအဖွဲ့အသစ်တစ်ခုကို စင်တင်မှာဖြစ်ပြီး အဆိုပါအဖွဲ့နာမည်က Baby Monster လို့ နီးစပ်တဲ့အသိုင်းအဝိုင်းက ဖောက်သည်ချမှုတွေအရ ပရိသတ်တွေ သိရှိခဲ့ကြတာပါ…
အဆိုပါ အဖွဲ့သစ်နာမည် Baby Monster ကို YG Entertainment က တရားဝင်ထုတ်ပြန်ထားတာ မဟုတ်ပေမယ့် အခုအခါ YG Food CEO က Spoiler ပေးခဲ့တာကြောင့် သေချာသလောက်ရှိ နေပြီလို့လည်း ဆိုရမှာပါ။
မကြာသေးခင်က YG Entertainment Food CEO ဖြစ်တဲ့ Noh Hee Young ဟာ အင်တာဗျူးမှာ Baby Monster အဖွဲ့အကြောင်းကို ပြောခဲ့တာဖြစ်ပါတယ်။ အဆိုပါ အင်တာဗျူးမှာ Noh Hee Young က Baby Monster အဖွဲ့ဟာ ခေတဲ့အဖွဲ့မဟုတ်ပဲ သူတို့တွေဟာ Jennie 10 ယောက်လိုမျိုးဖြစ်တယ် လို့ ပြောခဲ့ပါတယ်။
အဆိုပါ Noh Hee Young ရဲ့ Spoiler ပေးမှုကြောင့် K Netizen တွေဟာ YG ရဲ့ အမျိုးသမီးအဖွဲ့သစ် Baby Monster ဟာ ပါဝင်ပြင်းထန်ပြီး Jennie လိုမျိုးဆွဲဆောင်မှုရှိမယ်လို့လည်း မျှော်လင့်နေကြပါ တယ်။
-m2t
Ref: Allkpop