—- Spotify မှာ စံချိန်သစ်တစ်ခု စိုက်ထူခဲ့တဲ့ BTS အဖွဲ့ဝင် တစ်ဦးက ဘယ်သူလို့ ထင်ပါသလဲ…
BTS ဟာ အဖွဲ့လိုက်ရော တစ်ဦးချင်းအနေနဲ့ပါ စံချိန်သစ်တွေအမြဲတမ်းစိုက်ထူနေကြဖြစ်ပြီး အခုလည်း အဖွဲ့ဝင်တစ်ဦးဟာ Spotify မှာ စံချိန်သစ်တစ်ခုကို စိုက်ထူခဲ့…
အဆိုပါ အဖွဲ့ဝင်ကတော့ V ဖြစ်ပါတယ်။ V ရဲ့ OST သီချင်းတစ်ပုဒ်ဖြစ်တဲ့ Sweet Night ဟာ Spotify မှာ Stream သန်း 150 ရရှိတဲ့ အမြန်ဆုံး ကိုရီးယား OST သီချင်းတစ်ပုဒ်အဖြစ် စံချိန်သစ်တင်ခဲ့တာ ဖြစ်ပါတယ်။
Itaewon Class ဒရာမာအတွက် သီချင်ပေးထားတဲ့ V ရဲ့ OST သီချင်း Sweet Night ဟာ Spotify မှာ Stream သန်း 150 ပြည့်ဖို့ ရက်ပေါင်း 505 ရက်သာကြာမြင့်ခဲ့ပြီး အရင်က စံချိန်တင်ထားတဲ့ EXO Chanyeol နဲ့ Punch တို့ ဆိုထားတဲ့ Goblin ဒရာမာထဲက OST “Stay With Me” (1636 ရက်) စံချိန် ကို ကျော်ဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။
V ရဲ့ OST သီချင်းတစ်ပုဒ်ဖြစ်တဲ့ Sweet Night ဟာ စထွက်ခဲ့ကတည်းက စံချိန်အမြောက်အများရရှိ ခဲ့ပြီး အခုအချိန်အထိ စံချိန်သစ်တွေ တင်နေတာဖြစ်ပါတယ်။
နောက်ပြီး V ရဲ့ OST သီချင်းတစ်ပုဒ်ဖြစ်တဲ့ Sweet Night ဟာ ကိုရီးယား Soloists တွေရဲ့ Stream အများဆုံး သီချင်း စာရင်းမှာလည်း တတိယနေရာမှာ ရပ်တည်နေပါတယ်။ Stream အများဆုံး ကိုရီး ယား Solisit တွေရဲ့ သီချင်းတွေကို ဖော်ပြရရင်…
1. Solo (Jennie) — 306M
2. Gangnam Style (PSY) — 278M
3. Sweet Night (#V #KimTaehyung ) — 150M
4. Gashina (Sunmi) — 137M
5. Maria (Hwa sa ) —130M
6. On The Ground (Rose) — 129M
7. Daechwita (Agust D) — 125M တို့ဖြစ်ပါတယ်။
-m2t
Ref: Allkpop